လိုင်လီကွင်းလယ်ကစားသမား ဆန်းချက်ဇ်က အသင်းပြောင်းရွှေ့ကစားလို

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ တရားဝင်ကမ်းလှမ်းတဲ့အသင်း ရှိလာရင် အသင်းပြောင်းရွှေ့ ကစားမယ်လို့ လိုင်လီကွင်းလယ်လူ ဆန်းချက်ဇ်က အတည်ပြုပါတယ်။
ပေါ်တူဂီ ကွင်းလယ်လူ ဆန်းချက်ဇ်ဟာ မနှစ်က လိုင်လီနဲ့အတူ ပြင်သစ် လီဂူးဝမ်းချန်ပီယံ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ကလပ်အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အေစီမီလန်နဲ့ အာဆင်နယ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတာ ဖြစ်နိုင်ပေမဲ့ အမှန်တကယ် မသိရှိသေးကြောင်း ပြင်သစ်သတင်းစာကို ဆန်းချက်ဇ်က ပြောသွားပါတယ်။
အသက် ၂၄ နှစ်ရှိ ပေါ်တူဂီ ကွင်းလယ်လူဟာ ဘိုင်ယန်နဲ့ ဆွမ်ဆီးအသင်းတွေမှာ ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ အတွေ့အကြုံကောင်းတွေ ရှိလာပြီဖြစ်လို့ ခြေစွမ်းပြနိုင်အောင် ဘယ်လိုကစားရမလဲဆိုတာ သိနေပြီလို့ ပြောသွားပါတယ်။