close

ဆရာများ

close

May 13, 2023

စစ်ကိုင်းနှင့် မကွေးတိုင်းက ကြားကာလပညာရေးကျောင်းများ၌ ဆရာများ လိုအပ်

မြန်မာနိုင်ငံက PDF တွေစိုးမိုးတယ်ဆိုတဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းက ကြားကာလပညာရေး ကျောင်းတွေမှာ ဆရာလိုအပ်ချက် မြင့်မားလာတယ်လို့  ကြားကာလပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

မကွေးတိုင်းတွင်း ကြားကာလပညာသင်ကျောင်းက ဆရာမ တဦးက  "စစ်ကိုင်းကော၊  မကွေးကော  လိုအပ်ချက်ရှိနေတာပါ။ အဓိကကတော့ အထက်တန်းသင်ဆရာ၊ ဆရာမတွေ ပိုလိုနေပါတယ်။ ရပ်ရွာက မိဘပြည်သူတွေကလည်း လုံခြုံရေး  စား၀တ်နေရေး  အစစအရာရာ တာ၀န်ယူ ပေးနေပါတယ်။ လာဖို့ စိတ်ကူးနေတဲ့ CDM ဆရာတွေကိုလည်း အမြဲကြိုဆို အားကိုးနေကြပါတယ်" လို့ ပြောပါတယ်။

ထောက်ပံ့မှုကတော့ ကျေးရွာအလိုက် မတူညီဘဲ သင့်လျော်သလို အတတ်နိုင်ဆုံး လိုလေသေးမရှိ ကူညီနေကြပြီး ထမင်းကအစ ရပ်ရွာက အလှည့်ကျ ချက်ပြုတ်ကျွေးမွေးကြတဲ့အထိ အညာဒေသလူထုရဲ့ ပညာရေးလိုလားချက် မြင့်မားနေပါတယ်။ 

စစ်ကိုင်းတိုင်းတွင်း ကျောင်းသားမိဘတဦးက  "အရီးတို့က ဘွဲ့တွေ၊ ကန္နားတွေ လိုချင်တာရယ်လည်း မဟုတ်ပါဘူး။ အရီးတို့ကလည်း သေစာ ရှင်စာလောက်ဖတ်တတ်တာ ဆိုတော့ မြို့ပေါ်က ပညာတတ်ကလေးကို အားကိုးနေရတေပေါ့ကွယ်"လို့ ပြောပါတယ်။

ကြားကာလပညာရေးဟာ  အလွန်အရေးကြီးပြီး ပညာရေးနဲ့ အဆက်ပြတ်သွားတဲ့အခါ လူငယ်တွေ အရွယ်မတိုင်မီ အိမ်ထောင်ပြု ကြတာမျိုးတွေ ရှိလာနေပါတယ်။ 

ဒါ့အပြင် တော်လှန်ရေးကာလဟာ ဘယ်အတိုင်းတာထိ ကြာမယ်မသိသေးတဲ့အတွက် စေတနာ့ ဝန်ထမ်း CDM ဆရာ၊ ဆရာမတွေနဲ့ ရပ်ရွာလူထုတွေပူးပေါင်းပြီး ကြားကာလ ပညာရေး အဆက်မပြတ် သင်ကြားပေးနိုင်မှ  ကလေးတွေအတွက် စိတ်လေတာမျိုးမဖြစ်ဘဲ  အဆင်မြင့်ပညာတွေပါ တိုးချဲ့  သင်ကြားနိုင်မှာဖြစ်တဲ့အတွက် ကျောင်းဆရာ၊ ဆရာမတွေ အများအပြား လိုအပ်နေတာလို့ သိရပါတယ်။

ကြားကာလ ပညာသင်ကျောင်းတွေမှာ တနိုင်ငံလုံးအတိုင်းအတာအရ ကျောင်းသား၊ ကျောင်းသူပေါင်း ၈၀၀,၀၀၀ ကျော်ကို ပညာသင်ကြားပေးနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

6 hours Ago

September 5, 2021

ပီရူးတွင် ကျောင်းများ ပြန်ဖွင့်ရန် ဆရာများကို ကာကွယ်ဆေးထိုး

ပီရူးနိုင်ငံဟာ လာမယ့်လတွေမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ ရည်မှန်းထားတာကြောင့် စက်တင်ဘာ ၃ ရက်မှာ မြို့ပြဒေသတွေက ဆရာတွေကို ကာကွယ်ဆေးအမြောက်အမြား ထိုးပေးခဲ့ပါတယ်။ 

လီမာမြို့တော်က ကာကွယ်ဆေးထိုးပွဲကို ပီရူးသမ္မတ ပက်ဒရိုကတ်စ်တယ်လို တက်ရောက်ခဲ့ပြီး ဆရာတွေနဲ့ အုပ်ချုပ်ရေး၀န်ထမ်းအားလုံး ကာကွယ်ဆေးထိုးပြီးရင် ကျောင်းတွေ ပြန်ဖွင့်လိမ့် မယ်လို့ ပြောကြားခဲ့ပါတယ်။ 

ပီရူးနိုင်ငံဟာ ကျေးလက်ဒေသရှိ ဆရာ၊ ဆရာမ ၆၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးခဲ့ပြီးပြီလို့  ကတ်စတ်တယ်လို က ပြောပါတယ်။ 

လာမယ့် နှစ်လအတွင်း ဆရာ ၁၇၇,၂၉၆ ဦး ကို ခန့်အပ်ဖို့ ပညာရေး၀န်ကြီးဌာနက မျှော်လင့်ထားပါတယ်။ 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ လျော့ပါးလာချိန်မှာ မကြာသေးခင်ကပဲ ပီရူးမိဘတွေက ကာယသင်တန်းတွေ ပြန်ဖွင့်ဖို့ အစီအစဉ်တစ်ခုကို တောင်းဆိုခဲ့ကြပါတယ်။

တရားဝင်အစီရင်ခံစာတွေအရ ပီရူးလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကျော်လောက်ပဲ ကာကွယ်ဆေး အပြည့်အဝ ထိုးထားရတာပါ။  ခုထိတော့ ပီရူးနိုင်ငံမှာ ကူးစက်မှု ၂ ဒသမ ၁ သန်း ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ၁၉၈,၃၆၄ ခုရှိပါတယ်။ 

2 years Ago
Up