ပီရူးတွင် ကျောင်းများ ပြန်ဖွင့်ရန် ဆရာများကို ကာကွယ်ဆေးထိုး

ပီရူးနိုင်ငံဟာ လာမယ့်လတွေမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ ရည်မှန်းထားတာကြောင့် စက်တင်ဘာ ၃ ရက်မှာ မြို့ပြဒေသတွေက ဆရာတွေကို ကာကွယ်ဆေးအမြောက်အမြား ထိုးပေးခဲ့ပါတယ်။
လီမာမြို့တော်က ကာကွယ်ဆေးထိုးပွဲကို ပီရူးသမ္မတ ပက်ဒရိုကတ်စ်တယ်လို တက်ရောက်ခဲ့ပြီး ဆရာတွေနဲ့ အုပ်ချုပ်ရေး၀န်ထမ်းအားလုံး ကာကွယ်ဆေးထိုးပြီးရင် ကျောင်းတွေ ပြန်ဖွင့်လိမ့် မယ်လို့ ပြောကြားခဲ့ပါတယ်။
ပီရူးနိုင်ငံဟာ ကျေးလက်ဒေသရှိ ဆရာ၊ ဆရာမ ၆၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးခဲ့ပြီးပြီလို့ ကတ်စတ်တယ်လို က ပြောပါတယ်။
လာမယ့် နှစ်လအတွင်း ဆရာ ၁၇၇,၂၉၆ ဦး ကို ခန့်အပ်ဖို့ ပညာရေး၀န်ကြီးဌာနက မျှော်လင့်ထားပါတယ်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ လျော့ပါးလာချိန်မှာ မကြာသေးခင်ကပဲ ပီရူးမိဘတွေက ကာယသင်တန်းတွေ ပြန်ဖွင့်ဖို့ အစီအစဉ်တစ်ခုကို တောင်းဆိုခဲ့ကြပါတယ်။
တရားဝင်အစီရင်ခံစာတွေအရ ပီရူးလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကျော်လောက်ပဲ ကာကွယ်ဆေး အပြည့်အဝ ထိုးထားရတာပါ။ ခုထိတော့ ပီရူးနိုင်ငံမှာ ကူးစက်မှု ၂ ဒသမ ၁ သန်း ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ၁၉၈,၃၆၄ ခုရှိပါတယ်။