close

ဆရာဝန်

close

March 26, 2023

အိန္ဒိယတွင် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာသော်လည်း အထိတ်တလန့်မဖြစ်ရန် ဆရာဝန်များပြော

အိန္ဒိယနိုင်ငံမှာ မကြာသေးတဲ့ ရက်သတ္တပတ်တွေအတွင်း ကိုဗစ်နဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခဲ့ပေမယ့် ဆေးရုံတက်ရမှုနှုန်း နည်းပါးနေဆဲဖြစ်တာကြောင့် အထိတ်တလန့်ဖြစ်ဖို့ မလိုအပ်ဘူးလို့ မတ် ၂၄ ရက်မှာ ဆရာဝန်တွေက ပြောကြားပါတယ်။ 

မတ် ၂၃ ရက် တစ်ရက်တည်းမှာတင် အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၁၃၀၀ အထိရှိခဲ့ပြီး ဒါဟာ ရက်ပေါင်း ၁၄၀ အတွင်း အမြင့်ဆုံးနှုန်းထားလည်းဖြစ်ပါတယ်။ 

ဒါကြောင့် ဖက်ဒရယ်အစိုးရက ကိုဗစ်ရောဂါအတွက် ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံတဝန်းက ဆေးရုံတွေမှာ ပုံစံတူလေ့ကျင့်ခန်းအသစ်တွေ လုပ်ဆောင်ကြရမယ်ဆိုပြီး ညွှန်ကြားခဲ့ပါတယ်။ 

အသက်ရှု လမ်းကြောင်းဆိုင်ရာဆရာဝန် ဒေါက်တာ ရန်းဒိ(ပ်) ဂူလေးရီးယားက“ဒီလို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဆေးရုံတက်ရတာတွေနဲ့ လူသေဆုံးတာတွေ တဟုန်ထိုး မြင့်တက်လာတာမျိုးတော့ မရှိသေးကြောင်းနဲ့ ကောင်းမွန်တဲ့ စောင့်ကြည့်ရေး အစီအစဉ်တွေနဲ့အတူ မှန်ကန်တဲ့ စီမံခန့်ခွဲမှုအပြင် ပြည်သူလူထုအနေနဲ့ကလည်း ကိုဗစ်ရောဂါနဲ့ သင့်လျော်မယ့် နေထိုင်မှုပုံစံတွေအတိုင်း လိုက်နာသင့်တယ်”လို့ ယူဆကြောင်း ပြောပါတယ်။

လက်ရှိအချိန်အထိ ကိုဗစ်ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားနေတဲ့ ပြည်နယ် ၈ ခုထဲမှာ မဟာရက်ရှ်တရာ၊ ဂူဂျာရတ်၊ ကယ်ရာလာ၊ ကာနာတကာ၊ တမီးလ် နာဒူ၊ ဒေလီ၊ ဟီမာချယ် ပရာဒေ့ရှ်၊ ရာဂျက်ရှ်သန်တို့ ပါဝင်ပါတယ်။

21 seconds Ago

January 13, 2023

သစ်လွင်ဆရာဝန်လစ်လပ်နေရာ ၁၈၀ အပါအဝင် ရာထူးနေရာ ၂၀၀ အတွက် စစ်ကောင်စီ ထပ်မံခေါ်ယူ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက သစ်လွင်ဆရာဝန် လစ်လပ်နေရာ ၁၈၀ အပါအဝင် ရာထူးနေရာ ၂၀၀ ထပ်မံခေါ်ယူနေပါတယ်လို့ ဇန်နဝါရီ ၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှာ လစ်လပ်နေတဲ့ သစ်လွင်ဆရာဝန်ဦးရေ ၁၈၀ နဲ့ သွားဘက်ဆိုင်ရာ ဆရာဝန် လစ်လပ်နေရာ ၂၀ ကို ခေါ်ယူထားတာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်း ၂ နှစ်နီးပါးကာလအတွင်း နိုင်ငံကို တည်ငြိမ်သယောင် လုပ်ဆောင်နေပေမဲ့လည်း အစိုးရတရပ်အနေနဲ့ ပီပီပြင်ပြင်ဖွဲ့စည်းနိုင်ခြင်းမရှိဘဲ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက တက္ကသိုလ်ဝင်စာမေးပွဲအောင် ဆေးတက္ကသိုလ် တက်မယ့်သူတွေကို ခေါ်ယူခဲ့ပြီး ကျောင်းပြီးသွားတဲ့အချိန်မှာ နိုင်ငံတာဝန်ကို ၅ နှစ် ထမ်းဆောင်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း ခုလိုပဲ သစ်လွင်ဆရာဝန် လစ်လပ်နေရာ ၂၀၀ အပါအဝင် ရာထူးနေရာ ၃၀၀ ကျော်ကို ခေါ်ယူခဲ့ပါသေးတယ်။

မြန်မာတနိုင်ငံလုံးမှာတော့ ရန်ကုန်ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ် ၂၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်နဲ့ တောင်ကြီးဆေးတက္ကသိုလ် ၅ ကျောင်းရှိကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်-၁၉ ကပ်ဘေးကာလ စတင်ချိန်ကတည်းက နိုင်ငံတဝန်းက ကျောင်းတွေအားလုံးကို ပိတ်ထားခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု စတင်ချိန်မှာတော့ ဆေးလောကသားတွေက ဦးဆောင်ကာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးမှာ အခုအချိန်တိုင်အောင် တစိုက်မတ်မတ် ပါဝင်လာခဲ့ကြပါတယ်။

လတ်တလောမှာတော့ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး အပါအဝင် ဆေးတက္ကသိုလ်တွေကလည်း ယာယီတက္ကသိုလ်ကောင်စီတွေ ဖွဲ့စည်းထားပြီးဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ကာ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာက ဦးဆောင်ပါဝင်နေခဲ့တဲ့ ဆေးလောကသားတွေကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကိုလည်း စစ်ကောင်စီက ကျူးလွန်နေပြီး စစ်အာဏာစသိမ်းတဲ့ အချိန်ကစပြီး ကျန်းမာရေးလုပ်သား အယောက် ၃၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၆၀၀ ကျော်ကတော့ စစ်အုပ်စုက ဖမ်းဝရမ်း ထုတ်ထားတာကြောင့် တိမ်းရှောင်နေကြရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသား ကျန်းမာရေးဌာနတွေရဲ့ ဆေးရုံ/ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ CDM ဆရာဝန်၊ သူနာပြုဦးရေ စုစုပေါင်း ၁၅၀ ကို ခေါ်ယူခဲ့တာဖြစ်ပြီးတော့ ခုလို လျှောက်လွှာခေါ်ယူတာဟာ တော်လှန်ရေးကာလ လိုအပ်ချက်အရ ပထမအသုတ်အဖြစ် ခေါ်ယူတာဖြစ်ပြီး တခြားသော ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ထပ်မံခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

NUG အစိုးရက တော်လှန်ရေးကာလနဲ့ ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးသူရဲကောင်းတွေအတွက် လက်ရှိကာလတွေအတွင်း လူမှုဘဝလုံခြုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ဖို့ အစီအစဉ်တွေ အတတ်နိုင်ဆုံး ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန် ကာလတွေမှာလည်း ဘဝအာမခံချက်တွေကို ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒတွေနဲ့အညီ ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

2 months Ago
Up