close

ဆလိုဗက်ကီးယား

close

April 9, 2022

ဆလိုဗက်ကီးယားက ယူကရိန်းကို လေကြောင်းကာကွယ်စနစ် လှူဒါန်း

ဆလိုဗက်ကီးယားနိုင်ငံက ယူကရိန်းကို သူတို့ရဲ့ S-300 လေကြောင်းကာကွယ်စနစ် လှူဒါန်း ခဲ့တယ်လို့ ဆလိုဗက်ဝန်ကြီးချုပ် အက်ဒွါဟီဂါက ဧပြီ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။

အမေရိကန်နဲ့ အခြား နိုင်ငံ ၃၀ က ယူကရိန်းမှာ စစ်ရေးတိုးမြှင့်ကာကွယ်ဖို့ ခေတ်မီလက်နက်တွေ ပုံအောကူညီခဲ့ပြီး နောက်တရက်မှာ ဆလိုဗက်ကီးယားကလည်း ကြေညာခဲ့တာပါ။

ဆလိုဗက်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းကို ပို့ပေးမယ့် ဒုံးကာကွယ်ရေး လက်နက်ကြီးကို ဗွီဒီယိုနဲ့ ပြသခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟီဂါက ဆလိုဗက်ကီးယားဟာ နေတိုးမဟာမိတ်တွေဆီက လက်နက်အတော်များများ ရထားတာကြောင့် ယူကရိန်းကို မျှဝေတာလို့ ပြောပါတယ်။ 

နောက်တပတ်မှာ ဆလိုဗက်ကီးယားဟာ အမေရိကန်ဆီက ပက်ထရီရော့ ဒုံးကာကွယ်ရေးစနစ် လက်ခံရရှိမှာပါ။

15 mins Ago

February 9, 2022

အမေရိကန်နှင့် ကာကွယ်ရေးစာချုပ် ချုပ်ရေး ဆလိုဗက်ကီးယား လွှတ်တော်တွင် အငြင်းပွား

ဆလိုဗက်ကီးယားနိုင်ငံလွှတ်တော်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က အမေရိကန်နဲ့  ကာကွယ်ရေးစာချုပ်ချုပ်ဆိုဖို့ အချေအတင် ဆွေးနွေးကြပါတယ်။

အမေရိကန်နဲ့ ဆလိုဗက်ကီးယားနိုင်ငံတို့ ချုပ်ဆိုမယ့် ကာကွယ်ရေးသဘောတူညီချက်မှာ အမေရိကန်က ဆလိုဗက် လေဆိပ်နှစ်ခုကို အသုံးပြုနိုင်မှု ပါဝင်ပြီး ဒေါ်လာ သန်း ၁၀၀ ကူညီမှာပါ။

ဆွေးနွေးပွဲအတွင်းမှာ အတိုက်အခံအမျိုးသားရေးပါတီမှ အမတ်နှစ်ဦးက ဆိုလိုဗက် အမျိုးသားအလံ ကိုင်ဆောင်ပြီး လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိုင်ခုံရှေ့ ပိတ်ရပ်ပြီး ဆန့်ကျင်ခဲ့ပါတယ်။

အမေရိကန်နဲ့ စာချုပ်ချုပ်မှာကို ထောက်ခံတဲ့ နောက်အမတ်နှစ်ဦးက ဆိုလိုဗက်ကီးယားရဲ့ အိမ်နီးချင်း ယူကရိန်းနိုင်ငံရဲ့ အလံကို ကိုင်ဆောင်ပြီး ထရပ်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဆလိုဗက်အလံကိုင်ထားတဲ့ မျိုးချစ်အမတ်နှစ်ဦးထဲမှ တဦးက ယူကရိန်းအလံကို ဆောင့်ဆွဲကာ ယူကရိန်းအလံကိုင်တဲ့ အမတ်တဦးမျက်နှာက face mask ကိုလည်း ဆွဲလွှတ်ပစ် တိုက်ခိုက်ခဲ့ပါတယ်။

2 months Ago
Up