ဆလိုဗက်ကီးယားက ယူကရိန်းကို လေကြောင်းကာကွယ်စနစ် လှူဒါန်း

ဆလိုဗက်ကီးယားနိုင်ငံက ယူကရိန်းကို သူတို့ရဲ့ S-300 လေကြောင်းကာကွယ်စနစ် လှူဒါန်း ခဲ့တယ်လို့ ဆလိုဗက်ဝန်ကြီးချုပ် အက်ဒွါဟီဂါက ဧပြီ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ အခြား နိုင်ငံ ၃၀ က ယူကရိန်းမှာ စစ်ရေးတိုးမြှင့်ကာကွယ်ဖို့ ခေတ်မီလက်နက်တွေ ပုံအောကူညီခဲ့ပြီး နောက်တရက်မှာ ဆလိုဗက်ကီးယားကလည်း ကြေညာခဲ့တာပါ။
ဆလိုဗက်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းကို ပို့ပေးမယ့် ဒုံးကာကွယ်ရေး လက်နက်ကြီးကို ဗွီဒီယိုနဲ့ ပြသခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟီဂါက ဆလိုဗက်ကီးယားဟာ နေတိုးမဟာမိတ်တွေဆီက လက်နက်အတော်များများ ရထားတာကြောင့် ယူကရိန်းကို မျှဝေတာလို့ ပြောပါတယ်။
နောက်တပတ်မှာ ဆလိုဗက်ကီးယားဟာ အမေရိကန်ဆီက ပက်ထရီရော့ ဒုံးကာကွယ်ရေးစနစ် လက်ခံရရှိမှာပါ။