close

ဆာလီဘာ

close

April 1, 2023

ဆာလီဘာ၏ ဒဏ်ရာ မပြင်းထန်ရန် အာဆင်နယ်နည်းပြ အာတီတာ မျှော်မှန်း

အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာရဲ့ နောက်ကျောဒဏ်ရာဟာ ခွဲစိတ်ရလောက်တဲ့အထိမပြင်းထန်ဖို့ နည်းပြ အာတီတာက မျှော်လင့်ထားပါတယ်။

ဆာလီဘာဟာ နောက်ကျော်ဒဏ်ရာ သက်သာမှုမရှိသေးတာကြောင့် စနေနေ့မှာကစားရ မယ့်လိဒ်ယူနိုက်တက်နဲ့ပွဲကိုလည်း ဆက်လက်လွဲချော်မှာပါ။

သူဟာ နိုင်ငံတကာပွဲစဉ်တွေမကစားခင်ရက်သတ္တပတ်ကတည်းက နောက်ကျော ဒဏ်ရာကြောင့် ပဲလေ့နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါသေးတယ်။

ဆာလီဘာရဲ့ဒဏ်ရာအခြေအနေဟာ တိုးတက်လာပေမဲ့ အနည်းငယ် မသက်မသာ ခံစားရတာကြောင့် အသင်းဆေးအဖွဲ့နဲ့အတူ ဆက်လက်စောင့်ကြည့်နေပြီး ခွဲစိတ်ကုသရ လောက်တဲ့အထိ မပြင်းထန်ဖို့ မျှော်လင့်ကြောင်း နည်းပြအာတီတာကပြောပါတယ်။ 

အာဆင်နယ်ဟာ ပဲလေ့ကို  ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလီဘာနေရာမှာ ရော့ဘ်ဟိုးဒင်းကို အသုံးပြုခဲ့ပြီး လိဒ်ယူနိုက်တက်နဲ့ပွဲမှာလည်း အဲဒီလိုပဲပွဲထွက်စေဖို့ရှိပါတယ်။

3 mins Ago

October 8, 2022

ဆာလီဘာကို ဗန်ဒိုက်နှင့် မနှိုင်းယှဉ်ရန် အာဆင်နယ်နည်းပြအာတီတာ မေတ္တာရပ်ခံ

လူငယ်ကြယ်ပွင့်နောက်ခံလူ ဆာလီဘာကို နာမည်ကြီးဗန်ဒိုက်နဲ့ နိူင်းယှဉ်တာမလုပ်ဖို့ အာဆင်နယ် နည်းပြအာတီတာက ပြောပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ဟာ တနင်္ဂနွေနေ့မှာ  အီမရိတ်ကွင်းမှာယှဉ်ပြိုင်သွားရမှာပါ။ အဲဒီပွဲစဉ်မှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဆာလီဘာနဲ့ နာမည်ကြီးနောက်ခံလူ ဗန်ဒိုက်ဇ်တို့ဟာ လည်း အားပြိုင်ကြမှာပါ။

အဲဒီပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ဆာလီဘာဟာ ဗန်ဒိုက်လို ကစားသမားအဆင့်အတန်းအထိ ရောက်ရှိလာနိုင်သလားလို့ နည်းပြအာတီတာကို မေးမြန်းခဲ့တာပါ။

နည်းပြအာတီတာကတော့ ဆာလီဘာဟာ ဘယ်သူနဲ့မှမတူဘဲ သူ့ရဲ့ပင်ကိုယ်စွမ်းဆောင်ရည်နဲ့ ခြေစွမ်းပြနေတာကို ပျော်ရွှင်ကျေနပ်မိကြောင်း၊ သူ့ရဲ့ကိုယ်ပိုင်ကစားသမားဘဝကို ကိုယ်တိုင်ပဲ လျှောက်လမ်းရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်ပဲရှိ ပြင်သစ်နောက်ခံလူ ဆာလီဘာဟာ ပရီးမီးယားလိဂ် ၈ ပွဲအပြီးမှာ ခြေစွမ်းပြသနေပြီး  ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ 

6 months Ago
Up