close

ဆာလီဘာ၏ ဒဏ်ရာ မပြင်းထန်ရန် အာဆင်နယ်နည်းပြ အာတီတာ မျှော်မှန်း

အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာရဲ့ နောက်ကျောဒဏ်ရာဟာ ခွဲစိတ်ရလောက်တဲ့အထိမပြင်းထန်ဖို့ နည်းပြ အာတီတာက မျှော်လင့်ထားပါတယ်။

ဆာလီဘာဟာ နောက်ကျော်ဒဏ်ရာ သက်သာမှုမရှိသေးတာကြောင့် စနေနေ့မှာကစားရ မယ့်လိဒ်ယူနိုက်တက်နဲ့ပွဲကိုလည်း ဆက်လက်လွဲချော်မှာပါ။

သူဟာ နိုင်ငံတကာပွဲစဉ်တွေမကစားခင်ရက်သတ္တပတ်ကတည်းက နောက်ကျော ဒဏ်ရာကြောင့် ပဲလေ့နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါသေးတယ်။

ဆာလီဘာရဲ့ဒဏ်ရာအခြေအနေဟာ တိုးတက်လာပေမဲ့ အနည်းငယ် မသက်မသာ ခံစားရတာကြောင့် အသင်းဆေးအဖွဲ့နဲ့အတူ ဆက်လက်စောင့်ကြည့်နေပြီး ခွဲစိတ်ကုသရ လောက်တဲ့အထိ မပြင်းထန်ဖို့ မျှော်လင့်ကြောင်း နည်းပြအာတီတာကပြောပါတယ်။ 

အာဆင်နယ်ဟာ ပဲလေ့ကို  ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလီဘာနေရာမှာ ရော့ဘ်ဟိုးဒင်းကို အသုံးပြုခဲ့ပြီး လိဒ်ယူနိုက်တက်နဲ့ပွဲမှာလည်း အဲဒီလိုပဲပွဲထွက်စေဖို့ရှိပါတယ်။

Up