close

ဆားဗီးယား

close

December 4, 2021

ခရိုအေးရှားအသင်း Davis Cup တင်းနစ်ဗိုလ်လုပွဲတက်

ဒီဇင်ဘာ ၃ ရက် မနေ့က ကစားသွားတဲ့ Davis Cup တင်းနစ် အကြိုဗိုလ်လုပွဲစဉ်မှာ ခရိုအေးရှားအသင်းက ဆားဗီးယားအသင်းကို ၇-၅ ၊ ၆-၁ နဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ 

ခရိုအေးရှား တင်းနစ်ကစားသမားတွေ ဖြစ်တဲ့ နီကိုလာမခ်တစ်နဲ့  မာတီပါဗစ်တို့ အတွဲက ဆားဗီးယားက နိုဗစ်ဂျိုကိုဗစ်နဲ့ အတွဲညီတဲ့ ဖိလစ်ပ်ကာဂျီနိုဗစ်တို့ကို အနိုင်ရသွားတာ ဖြစ်ပါတယ်။

ခရိုအေးရှားအသင်းဟာ ဒီဇင်ဘာ ၅ ရက်မှာ ကျင်းပမယ့် အကြိုဗိုလ်လုပွဲမှာ အနိုင်ရမယ့် ဂျာမန်အသင်း၊ ဒါမှမဟုတ် ရုရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ခရိုအေးရှားအသင်းအတွက် Davis Cup ဖလားကို တတိယအကြိမ်မြောက် ရရှိနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ 

10 mins Ago

December 25, 2020

ဆားဗီးယားတွင် ဝန်ကြီးချုပ်အပါအဝင် အစုလိုက် ကိုဗစ်ကာကွယ်ဆေး စထိုး

ဆားဗီးယားဝန်ကြီးချုပ် အန်နာ ဘန်နာဘိစ်ဟာ ဒီဇင်ဘာ ၂၄ ရက်က ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခံခဲ့ပြီး အစုလိုက်ကာကွယ်ဆေးထိုးနှံမှုကို စတင်လိုက်ပါတယ်။  ဆားဗီးယားဟာ ဥရောပမှာ  ဗြိတိန်နဲ့ ဆွစ်ဇာလန်ပြီးရင် တတိယမြောက် အစုလိုက် ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့ နိုင်ငံဖြစ်ပါတယ်။  ဒီဇင်ဘာ ၂၂ ရက်က ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးလုံးရေ ၅၀၀၀ နီးပါး ဆားဘီးယားကို လေယာဉ်နဲ့ ရောက်လာပါတယ်။  ဆာဗီးယားဝန်ကြီးချုပ် ဘန်နာဘိစ်က သူ့အနေနဲ့ ဥရောပမှာ ပထမဆုံးကိုဗစ်ကာကွယ်ဆေး ထိုးနှံခံတဲ့ ဝန်ကြီးချုပ်ဖြစ်တာကို ဂုဏ်ယူတယ်လို့ ပြောပါတယ်။  ကနဦး  ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး အများစုကို အငြိမ်းစားဂေဟာတွေမှာ နေကြတဲ့ သက်ကြီးပိုင်းတွေကို ထိုးနှံပေးသွားမှာပါ။  ဒါ့အပြင် တရုတ်ထုတ် စီနိုဖမ်းနဲ့ ရုရှားထုတ် စပွန်းနစ်-၅ ကာကွယ်ဆေးတွေဟာလည်း မကြာခင် ရောက်လာတော့မယ်လို့ ဆားဗီးယားဝန်ကြီးချုပ်က  ဆိုပါတယ်။ 
11 months Ago
Up