close

ဆိုက်ဘာခြိမ်းခြောက်မှု

close

November 11, 2022

မြောက်ကိုရီးယား ဆိုက်ဘာခြိမ်းခြောက်မှု အမေရိကန်နှင့် တောင်ကိုရီးယား သမ္မတ ၂ ဦး ဆွေးနွေးမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးတို့ဟာ ဆိုက်ဘာဒိုမိန်းမှာ မြောက်ကိုရီးယားရဲ့ ပိုမိုကျယ်ပြန့်လာတဲ့ ခြိမ်းခြောက်မှုအကြောင်းကို လာမယ့် အာရှခရီးစဉ်အတွင်းမှာ ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ လာမယ့် အာရှခရီးစဉ်အတွင်းမှာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါတို့ကို တွေ့ဆုံမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူးကလီးယားအစီအစဉ်ကို ဘယ်လိုတားဆီးမလဲ ဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ သတ္တမမြောက် နောက်ထပ် နျူးကလီးယားစမ်းသပ်မှု ပြုလုပ်မယ့် ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ဝါရှင်တန်က စိုးရိမ်နေသေးကြောင်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ဆူလီဗန်က ပြောခဲ့တာပါ။

အမေရိကန်ဟာ ကိုရီးယားနဲ့ ဂျပန် ၂ နိုင်ငံစလုံးနဲ့ တင်းတင်းကျပ်ကျပ် ညှိနှိုင်းဆောင်ရွက်နေပြီး အရှေ့အာရှ ထိပ်သီးအစည်းအဝေးရဲ့ ဘေးထွက်အစီအစဉ်မှာ ခေါင်းဆောင် ၃ ဦး ပါဝင်နိုင်မယ့် ၃ နိုင်ငံ တွေ့ဆုံမှုဟာ ၃ နိုင်ငံဆက်ဆံရေးအတွက် အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်လာပြီး မြောက်ကိုရီးယားကိစ္စမှာ ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းစေမှာဖြစ်ကြောင်း ထင်မြင်ပါတယ်လို့ ဆူလီဗန်က ပြောပါတယ်။

အောက်တိုဘာလမှာ မြောက်ကိုရီးယားဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံဘက်ကို ဦးတည်ပြီး အရင်ကထက် ပိုဝေးဝေးသွားတဲ့ ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့တာကြောင့် အဲဒီနေရာမှာ နေထိုင်ကြသူတွေကို အကာအကွယ်တွေယူကြဖို့ သတိပေးချက် ထုတ်ပြန်ထားခဲ့ရပါတယ်။

2 hours Ago

ယူကရိန်းစစ်ပွဲတွင် ဆိုက်ဘာခြိမ်းခြောက်မှု ကြီးထွားလာနေဟု နေတိုးအကြီးအကဲ သတိပေး

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က ယူကရိန်းစစ်ပွဲမှာ ဆိုက်ဘာခြိမ်းခြောက်မှု ကြီးထွားလာနေတာကို ဆန့်ကျင်ဖို့ နိုဝင်ဘာ ၁၀ ရက်က သတိပေးခဲ့ပြီး နေတိုးဟာ ယူကရိန်းကို အချိန်ကြာကြာ ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။

မကြာသေးခင်က ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ဂြိုဟ်တုတွေ၊ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ အစိုးရဌာနတွေကို မီးမောင်းထိုးပြပြီး ဆိုက်ဘာလောကကနေ ခြိမ်းခြောက်မှု ကြီးထွားလာနေတယ်လို့ စတော့တန်ဘာ့ဂ်က သတိပေးခဲ့ပါတယ်။

“ဆိုက်ဘာဟာ အမြဲတမ်းပြိုင်ဆိုင်နေတဲ့နေရာဖြစ်ပြီး ငြိမ်းချမ်းရေး၊ အကျပ်အတည်းနဲ့ ပဋိပက္ခကြားကမျဉ်းက မှုန်ဝါးနေပါတယ်။ ဒါကြောင့် နေတိုးဟာ နိုင်ငံနဲ့ ပြည်နယ်မဟုတ်တဲ့ ဇာတ်ဆောင်တွေဆီက ဆိုက်ဘာသူလျှိုတွေကို ခြိမ်းခြောက်နေတာ ကြာနေပါပြီ။ ပြီးတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကျနော်တို့ ဘာကြောင့် စိတ်ပိုင်းဖြတ်ထားတာလဲ။ ဒါဟာ ကျနော်တို့ရဲ့ စုပေါင်းကာကွယ်ရေးအတွက် သော့ချက်ပါပဲ” လို့ ရောမမြို့မှာရှိတဲ့ နေတိုး ဆိုက်ဘာကာကွယ်ရေး ကတိကဝတ် ညီလာခံမှာ စတော့တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။ ယူကရိန်းအတွက် နေတိုးရဲ့ ပံ့ပိုးကူညီမှုကိုလည်း စတော့လ်တန်ဘာ့ဂ်က ထပ်ပြောခဲ့ပါတယ်။

“ယူကရိန်းဟာ သူ့ပြည်သူတွေရဲ့ ဇွဲလုံ့လနဲ့ နေတိုးမဟာမိတ်တွေရဲ့ ပံ့ပိုးကူညီမှုတေွကြောင့် ရုရှားရဲ့ ကျူးကျော်မှုကို ပြန်လည်တွန်းလှန်နိုင်ခဲ့ပါတယ်။ ယူကရိန်းကို အချိန်ကြာကြာ ဆက်ထောက်ပံ့သွားမယ်” လို့လည်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။

8 hours Ago
Up