close

မြောက်ကိုရီးယား ဆိုက်ဘာခြိမ်းခြောက်မှု အမေရိကန်နှင့် တောင်ကိုရီးယား သမ္မတ ၂ ဦး ဆွေးနွေးမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးတို့ဟာ ဆိုက်ဘာဒိုမိန်းမှာ မြောက်ကိုရီးယားရဲ့ ပိုမိုကျယ်ပြန့်လာတဲ့ ခြိမ်းခြောက်မှုအကြောင်းကို လာမယ့် အာရှခရီးစဉ်အတွင်းမှာ ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ လာမယ့် အာရှခရီးစဉ်အတွင်းမှာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါတို့ကို တွေ့ဆုံမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူးကလီးယားအစီအစဉ်ကို ဘယ်လိုတားဆီးမလဲ ဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ သတ္တမမြောက် နောက်ထပ် နျူးကလီးယားစမ်းသပ်မှု ပြုလုပ်မယ့် ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ဝါရှင်တန်က စိုးရိမ်နေသေးကြောင်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ဆူလီဗန်က ပြောခဲ့တာပါ။

အမေရိကန်ဟာ ကိုရီးယားနဲ့ ဂျပန် ၂ နိုင်ငံစလုံးနဲ့ တင်းတင်းကျပ်ကျပ် ညှိနှိုင်းဆောင်ရွက်နေပြီး အရှေ့အာရှ ထိပ်သီးအစည်းအဝေးရဲ့ ဘေးထွက်အစီအစဉ်မှာ ခေါင်းဆောင် ၃ ဦး ပါဝင်နိုင်မယ့် ၃ နိုင်ငံ တွေ့ဆုံမှုဟာ ၃ နိုင်ငံဆက်ဆံရေးအတွက် အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်လာပြီး မြောက်ကိုရီးယားကိစ္စမှာ ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းစေမှာဖြစ်ကြောင်း ထင်မြင်ပါတယ်လို့ ဆူလီဗန်က ပြောပါတယ်။

အောက်တိုဘာလမှာ မြောက်ကိုရီးယားဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံဘက်ကို ဦးတည်ပြီး အရင်ကထက် ပိုဝေးဝေးသွားတဲ့ ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့တာကြောင့် အဲဒီနေရာမှာ နေထိုင်ကြသူတွေကို အကာအကွယ်တွေယူကြဖို့ သတိပေးချက် ထုတ်ပြန်ထားခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up