close

ဆိုင်ကလုန်းမုန်တိုင်

close

May 6, 2022

ဘင်္ဂလားပင်လယ်အော်တွင် မေလ ၈ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိ‌နေပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ မေ ၇ ရက် ညနေပိုင်းမှာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ည ထုတ်ပြန်ပါတယ်။ 

မုန်တိုင်းငယ်ဟာ မေ ၈ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ မေ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်း ကမ်းလွန်- ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ   တခါတရံ မိုးသက်လေပြင်းကျ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင် တစ်နာရီလျှင်  ၃၅ မိုင်မှ မိုင်  ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့သိရပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး  လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မနက်ဖန် ဧရာဝတီတိုင်း၊တနင်္သာရီတိုင်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းမှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ၈၀ ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ 

10 hours Ago

November 9, 2019

ဆိုင်ကလုန်း ဘာဘ်ဘယ် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ယနေ့ညနေ ဝင်မည်

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စာဂါကျွန်းနဲ့ ခီပူပါရာမြို့တို့ကြားမှ ဒီနေ့ညနေပိုင်း အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်တယ်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ဒီနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း ဘာဘ်ဘယ်ဟာ မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၆၀ မိုင်ခန့်၊ စာဂါကျွန်း (အနောက်ဘင်္ဂလားပြည်နယ်) ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့ (Khepupara) ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်နဲ့ မောင်တောမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင်၂၇၀ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ ဘာဘ်ဘယ်ရဲ့အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေပြည်တော်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့အရှေ့ပိုင်း)၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမယ်၊ လှိုင်းအမြင့် ၁၀ ပေမှ ၁၅ ပေခန့်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၇ ပေမှ ၉ ပေလောက် ရှိနိုင်ပါတယ်။ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ရဲ့ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရယာဉ်တွေ၊ သင်္ဘောတွေ သတိပြုကြဖို့လည်း တိုက်တွန်းထားပါတယ်။
2 years Ago
Up