close

ဘင်္ဂလားပင်လယ်အော်တွင် မေလ ၈ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိ‌နေပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ မေ ၇ ရက် ညနေပိုင်းမှာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ည ထုတ်ပြန်ပါတယ်။ 

မုန်တိုင်းငယ်ဟာ မေ ၈ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ မေ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်း ကမ်းလွန်- ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ   တခါတရံ မိုးသက်လေပြင်းကျ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင် တစ်နာရီလျှင်  ၃၅ မိုင်မှ မိုင်  ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့သိရပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး  လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မနက်ဖန် ဧရာဝတီတိုင်း၊တနင်္သာရီတိုင်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းမှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ၈၀ ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up