အုပ်စုပထမရရှိခဲ့တဲ့ အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဝေးလ်ကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမနေရာရခဲ့တာပါ။
ဒါကြောင့် အုပ်စု A မှာ အုပ်စုဒုတိယနေရာရရှိခဲ့တဲ့ ဆီနီဂေါအသင်းနဲ့ လာမယ့် ဒီဇင်ဘာ ၅ ရက်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ဆီနီဂေါအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အဓိကပြိုင်ဘက် အီကွေဒေါကို အနိုင်ရခဲ့လို့ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်နဲ့ ရှုံးထွက်အဆင့် တက်ခဲ့တာပါ။
အုပ်စု A မှာ ပထမနေရာရခဲ့တဲ့ ဟော်လန်အသင်းက အမေရိကန်အသင်းနဲ့ ဒီဇင်ဘာ ၃ ရက်မှာ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
ဆီနီဂေါအသင်းက ထုတ်ပြန်လိုက်တဲ့ ကစားသမားစာရင်းမှာ ဒဏ်ရာရတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာနေး ပါဝင်လာပါတယ်။
အသက် ၃၀ အရွယ် တိုက်စစ်မှူး မာနေးဟာ ဆီနီဂါအသင်းအတွက် အားထားရတဲ့ ကစားသမား ဖြစ်တာကြောင့် ဒဏ်ရာရှိပေမဲ့ ကမ္ဘာ့ဖလားပွဲကို ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာနေးဟာ ဝါဒါဘရီမင်ကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ညာဘက်ခြေသလုံး အရိုးမှာ ဒဏ်ရာရခဲ့ပြီး သီတင်းပတ် အတော်ကြာ အနားယူရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ကစားသမားရဲ့ဒဏ်ရာက ခွဲစိတ်ကုသစရာ မလိုတဲ့အတွက် သတင်းကောင်း ဖြစ်တယ်လို့ ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆရာဝန်က ပြောပါတယ်။
ဒါကြောင့် သူ့ဒဏ်ရာကို တိုးတက်ဖြစ်ထွန်းမှုတွေကို အနီးကပ် စောင့်ကြည်နေတယ်လို့ ဆီနီဂေါ အသင်းနည်းပြက ပြောပါတယ်။
ဆီနီဂေါအသင်းဟာ နိုဝင်ဘာ ၂၂ ရက်မှာ နယ်သာလန်အသင်းနဲ့ အုပ်စုပွဲစဉ်အဖြစ် စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။