အုပ်စုပထမရခဲ့သည့် အင်္ဂလန်အသင်း ၁၆ သင်းအဆင့်မှာ ဆီနီဂေါအသင်းနှင့် တွေ့ဆုံ

အုပ်စုပထမရရှိခဲ့တဲ့ အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဝေးလ်ကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမနေရာရခဲ့တာပါ။
ဒါကြောင့် အုပ်စု A မှာ အုပ်စုဒုတိယနေရာရရှိခဲ့တဲ့ ဆီနီဂေါအသင်းနဲ့ လာမယ့် ဒီဇင်ဘာ ၅ ရက်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ဆီနီဂေါအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အဓိကပြိုင်ဘက် အီကွေဒေါကို အနိုင်ရခဲ့လို့ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်နဲ့ ရှုံးထွက်အဆင့် တက်ခဲ့တာပါ။
အုပ်စု A မှာ ပထမနေရာရခဲ့တဲ့ ဟော်လန်အသင်းက အမေရိကန်အသင်းနဲ့ ဒီဇင်ဘာ ၃ ရက်မှာ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။