close

ဆုံးရှုံးနိုင်

close

December 30, 2022

အန်ဇိုဖာနန်ဒက်ဇ်ကို ဆုံးရှုံးနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားဟု ဘင်ဖီကာနည်းပြပြော

ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို ဆုံးရှုံးနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြောင်း ဘင်ဖီကာ နည်းပြ ရော်ဂျာရှမစ်ဒ်ကပြောပါတယ်။

ဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရာမှာ ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုလည်း ရယူနိုင်ခဲ့တာပါ။

နည်းပြ ရော်ဂျာကတော့ ဖာနန်ဒက်ဇ်ကို အပြောင်းအရွှေ့ကာလ မဖွင့်လှစ်သေးတဲ့ ဒီဇင်ဘာ ၃၁ ရက်အထိပဲအာမခံနိုင်ပြီး အဲဒီကာလကျော်လွန်ချိန်မှာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း ပြောပါတယ်။

“အပြောင်းအရွှေ့ဖွင့်လှစ်ချိန်မှာတော့ ဘာမဆိုဖြစ်သွားနိုင်တယ်။ ထူးချွန်တဲ့ပါရမီရှင်ကစား သမားတစ်ဦးရှိလာတဲ့အခါ သူ့ကိုအမြဲတမ်းဆုံးရှုံးရနိုင်ပါတယ်။ အဲဒီအတွက်လည်းပြင်ဆင်ထားရပါ မယ်” လို့ နည်းပြရော်ဂျာက ဘရာဂါနဲ့ လိဂ်ပွဲစဉ်မတိုင်ခင်မှာပြောပါတယ်။

ဖာနန်ဒက်ဇ်ကို ချဲလ်ဆီးအသင်းကလည်းခေါ်ယူလိုနေပြီး စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၁၀၆ သန်းပေးပြီးခေါ်ယူသွားမှာကို ဘင်ဖီကာအသင်းဘက်က စိုးရိမ်နေတယ်လို့သိရပါတယ်။

7 mins Ago

December 10, 2020

ဆင်းရဲသည့်နိုင်ငံများ ကိုဗစ်-၁၉ ကာကွယ်ဆေးရနိုင်သည့် အခွင့်အလမ်း ဆုံးရှုံးနိုင်

ချမ်းသာတဲ့ နိုင်ငံတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို သိုလှောင်နေပြီး ဆင်းရဲတဲ့ နိုင်ငံတွေက ပြည်သူတွေဟာ ကာကွယ်ဆေး ရနိုင်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးဖွယ်ရှိတယ်လို့ ပြည်သူ့ကာကွယ်ဆေး မဟာမိတ် အဖွဲ့အစည်း People's Vaccine Alliance   က ဒီဇင်ဘာလ ၉ ရက်မှာ ပြောဆိုပါတယ်။  အော့စဖို့ဒ်- အက်စ်ထရာဇန်နက်ကာကုမ္ပဏီက  ကာကွယ်ဆေးရဲ့ ၆၄ ရာခိုင်နှုန်းကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ ပေးမယ်လို့ ကတိပြုထားပေမယ့်လည်း ဝင်ငွေနည်းနိုင်ငံ ၇၀ နီးပါးဆိုရင် လူ ၁၀ ယောက်မှာ တစ်ယောက်သာ ကာကွယ်ဆေး ထိုးနိုင်လိမ့်မယ်လို့ People's Vaccine Alliance က ဆိုပါတယ်။ ကမ္ဘာတဝန်း ကာကွယ်ဆေးအညီအမျှ ရရှိရေး အတွက် အဆင့်လိုက် လုပ်ဆောင်နေတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကျောထောက်နောက်ခံ ပေးထားပြီး ကိုဗက်စ်လို့ခေါ်တဲ့ ကာကွယ်ဆေး စနစ်တကျ ဖြန့်ဖြူးရေး အစီအစဉ်က ဝင်ငွေနိမ့် နိုင်ငံပေါင်း ၉၂ နိုင်ငံအကြား ကာကွယ်ဆေး အလုံးရေ သန်း ၇၀၀ ဝေငှနိုင်တာ သေချာစေဖို့ စီမံနေပါတယ်။  ၂၀၂၁မှာ ကာကွယ်ဆေးထိုးဆေး ၂ ဘီလီယံကို ဖြန့်ဖြူးပေးနိုင်ဖို့ ကိုဗစ်က မျှော်လင့် ထားပေမဲ့ ဒါဟာ လုပ်ငန်းစဉ်ထဲမှာ ပါတဲ့ နိုင်ငံ့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာ ရှိပါသေးတယ်။ အမေရိကန်နိုင်ငံက ဒီလုပ်ငန်းစဉ်ထဲမှာ ပါဝင် လက်မှတ်ရေးထိုး မထားပါဘူး။ ဒီလိုအစီအမံ ရှိပေမယ့်လည်း လုံလောက်ဖို့ မရှိဘဲ ကာကွယ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဆေးတွေ ပိုမိုထုတ်လုပ်ဖို့ သူတို့နည်းပညာကို ဝေမျှ သင့်တယ်လို့ People's Vaccine Alliance ပြောဆိုပါတယ်။  ဒီအဖွဲ့အစည်းမှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International, Oxfam နဲ့ Global Justice Now ဆိုတဲ့ သြဇာကြီးမားတဲ့ အဖွဲ့ကြီး ၃ဖွဲ့ ပူးပေါင်း ပါဝင်ပါတယ်။  People's Vaccine Alliance ရဲ့ လေ့လာချက်အရ ကာကွယ်ဆေးအားလုံး အသုံးပြုဖို့ ခွင့်ပြုချက်ရရင်  ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံလူဦးရေအားလုံးရဲ့ ၃ ဆကို ကာကွယ်ဆေးထိုးဖို့  လုံလောက်တဲ့ ဆေးလုံးရေကို ဝယ်ထားပြီး ဖြစ်တာကို တွေ့ရှိရပါတယ်။ ကနေဒါနိုင်ငံဆိုရင် နိုင်ငံသားတစ်ယောက်စီကို  ၅ ဆ ကာကွယ်ဖို့ လုံလောက်တဲ့ ဆေးလုံးရေကို မှာယူထားပြီးပြီလို့  Amnesty Internationalက ဆိုပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေက ကမ္ဘာ့ လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းသာ ရှိပေမယ့် လည်း သူတို့ဟာ အလားအလာရှိတဲ့ ကာကွယ်ဆေး အားလုံးရဲ့ ၅၃ ရာခိုင်နှုန်းအထိ ဝယ်ယူထားပြီးပြီ လို့ People's Vaccine Allianceက  ဆိုပါတယ်။  ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်မှုတွေနဲ့ ကုသမှုတွေအတွက် ဉာဏပစ္စည်း မူပိုင်ခွင့်ကို  လျှော့ပေါ့ သက်ညှာ ပေးဖို့ တောင်အာဖရိကနဲ့ အိန္ဒိယတို့က ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီး WTO ကို အဆိုပြုထားပြီး ဒီအဆိုကို ထောက်ခံကြဖို့ Oxfam အဖွဲ့ကြီးက တိုက်တွန်း ထားပါတယ်။
2 years Ago
Up