အန်ဇိုဖာနန်ဒက်ဇ်ကို ဆုံးရှုံးနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားဟု ဘင်ဖီကာနည်းပြပြော

ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို ဆုံးရှုံးနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြောင်း ဘင်ဖီကာ နည်းပြ ရော်ဂျာရှမစ်ဒ်ကပြောပါတယ်။
ဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရာမှာ ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုလည်း ရယူနိုင်ခဲ့တာပါ။
နည်းပြ ရော်ဂျာကတော့ ဖာနန်ဒက်ဇ်ကို အပြောင်းအရွှေ့ကာလ မဖွင့်လှစ်သေးတဲ့ ဒီဇင်ဘာ ၃၁ ရက်အထိပဲအာမခံနိုင်ပြီး အဲဒီကာလကျော်လွန်ချိန်မှာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း ပြောပါတယ်။
“အပြောင်းအရွှေ့ဖွင့်လှစ်ချိန်မှာတော့ ဘာမဆိုဖြစ်သွားနိုင်တယ်။ ထူးချွန်တဲ့ပါရမီရှင်ကစား သမားတစ်ဦးရှိလာတဲ့အခါ သူ့ကိုအမြဲတမ်းဆုံးရှုံးရနိုင်ပါတယ်။ အဲဒီအတွက်လည်းပြင်ဆင်ထားရပါ မယ်” လို့ နည်းပြရော်ဂျာက ဘရာဂါနဲ့ လိဂ်ပွဲစဉ်မတိုင်ခင်မှာပြောပါတယ်။
ဖာနန်ဒက်ဇ်ကို ချဲလ်ဆီးအသင်းကလည်းခေါ်ယူလိုနေပြီး စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၁၀၆ သန်းပေးပြီးခေါ်ယူသွားမှာကို ဘင်ဖီကာအသင်းဘက်က စိုးရိမ်နေတယ်လို့သိရပါတယ်။