ယခုနှစ်တွင် ဆော်ဒီနိုင်ငံက ဟာ့ဂျ်ဘုရားဖူး ၁ သန်းအထိ လက်ခံမည်

5
ဆော်ဒီအာရေဘီးယားနိုင်ငံက အခုနှစ်အတွက် ဟာ့ဂျ်ဘုရားဖူးခရီးသည် ၁ သန်းအထိ ခွင့်ပြုပေးသွားမှာဖြစ်ပြီး တနိုင်ငံလုံး ကိုဗစ်ကန့်သတ်မှု ၂ နှစ် ပြည့်မြောက်ခဲ့ပြီးမှ ပြည်ပ ဘုရားဖူးတွေ ပိုမိုဝင်ခွင့်ပြုခဲ့တာပါ။
ဒီနှစ် မက္ကာကို ဘုရားဖူးလာသူတွေဟာ အသက် ၆၅ နှစ်အောက် ကာကွယ်ဆေးအပြည့် ထိုးပြီးသူတွေသာ ဝင်ခွင့်ပြုမယ်လို့လည်း ဟာ့ဂျ်နဲ့ အွမ်ရာ ဝန်ကြီးဌာနက ကြေညာထားတာပါ။
အစ္စလာမ်ဘာသာအတွက် အရေးကြီးတဲ့ ဟာ့ဂျ်ဘုရားဖူးကို နှစ်စဉ် လူ ၂ သန်းခွဲထိ ခွင့်ပြုထားပေမဲ့ မနှစ်က ကိုဗစ်ကန့်သတ်မှုကြောင့် ပြည်တွင်းဘုရားဖူး ၆ သောင်းနဲ့သာ ကျင်းပခဲ့တာပါ။