close

ဆေးရုံမှဆင်း

close

April 2, 2023

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဆေးရုံမှဆင်း

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အသက်ရှုလမ်းကြောင်း နာကျင်မှုအပေါ် ကုသမှုခံယူခဲ့ပြီးနောက် ဧပြီ ၁ ရက်နေ့မှာ  ဆေးရုံကဆင်းကာ ဗာတီကန်ကို ပြန်သွားပါတယ်။

ရောမမြို့က ဂျင်မ်မယ်လီ ဆေးရုံမှာ ၃ ရက်တာ ကုန်ဆုံးခဲ့တဲ့ အသက် ၈၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးကဆေးရုံအပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ ဆုတောင်းပေးသူတွေနဲ့ မီဒီယာတွေကို လက်ပြနှုတ်ဆက်ကာ ကားနဲ့ထွက်ခွာသွားတာပါ။

ပုပ်ရဟန်းမင်းကြီးရဲ့ အသက်ရှုရခက်ခဲမှုကို ပဋိဇီဝဆေးတွေနဲ့ ကုသမှုအပေါ် ကောင်းစွာတုံ့ပြန်မှုရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာအဖွဲ့က ပြောကြားပါတယ်။

ပုပ်ရဟန်းမင်းကြီးက "ကျနော် မကြောက်လန့်ခဲ့ပါဘူး၊ အသက်လည်း ရှင်နေဆဲပါ" ဆိုပြီး ဆေးရုံအပြင်ဘက်မှာ သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။

ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ မတ်တေးယိုဘရူနီကတော့ ခရစ်ယာန်ပြက္ခဒိန်ထဲမှာ အရေးပါတဲ့ပွဲတစ်ခုဖြစ်တဲ့ အီစတာရက်သတ္တပတ် အစပြုရာ Palm Sunday အစီအစဉ်မှာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ပါဝင်မှာဖြစ်တယ်လို့ အတည်ပြုပါတယ်။

အီစတာပွဲတော် မတိုင်ခင် Holy Week မှာလည်း ရောမမြို့ရှိ ကိုယ်လော့စီယမ်ကွင်းကြီးက Good Friday ညအချိန်စီတန်းလှည့်လည်မှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွယ်နိုင်တဲ့ အခမ်းအနားတွေ၊ ထုံးတမ်းအစဉ်အလာတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ 

5 mins Ago

December 17, 2020

ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည့် ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ဆေးရုံမှဆင်း

ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရလို့ ဆေးကုသမှုတွေ ခံယူနေရတဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်ဟာ ဒီဇင်ဘာလ ၁၆ ရက်က ဆေးရုံကနေ ဆင်းခွင့် ရရှိခဲ့ပါတယ်။ စည်ပင်ဝန်ကြီး ဦးကျော်မြင့်ဟာ ရွေးကောက်ပွဲ ငွေစာရင်းရှင်းတမ်းတွေကို လပွတ္တာမြို့ကို ပြန်လည်ဆောင်ရွက်ချိန်မှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ဟိုတယ်ကွာရန်ဝင်နေစဉ်မှာ ရောဂါပိုး ကူးစက်ခံခဲ့ရတာပါ။ ခုတော့ ကျန်းမာရေး အခြေအနေကောင်းမွန်လို့ ဆေးရုံဆင်းခွင့်ရပြီလို့ တိုင်းအစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။ "ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ မနေ့က ဆေးရုံကနေ ဆင်းခွင့်ရပါတယ်"လို့ ပြောပါတယ်။ အသက် ၆၅ နှစ်အရွယ် စည်ပင်ဝန်ကြီး ဦးကျော်မြင့်အပါအဝင် ပုသိမ်တိုင်းရင်းဆေးရုံကြီးက ဆေးရုံဆင်းခွင့်ရရှိသူ ၇ ဦးရှိတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့က တိုင်းအစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီးရောဂါကူးစက်ခံခဲ့ရသလို လွှတ်တော်ရုံးက ဝန်ထမ်း ၃ ဦးလည်း ရောဂါကူးစက်ခံခဲ့ရတာပါ။ ဧရာဝတီတိုင်းမှာ ဒီဇင်ဘာလ ၁၇ ရက် မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈၄၉ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၃၁၁၉ ဦးရှိကာ သေဆုံးလူနာ ၃၂ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up