ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဆေးရုံမှဆင်း

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အသက်ရှုလမ်းကြောင်း နာကျင်မှုအပေါ် ကုသမှုခံယူခဲ့ပြီးနောက် ဧပြီ ၁ ရက်နေ့မှာ ဆေးရုံကဆင်းကာ ဗာတီကန်ကို ပြန်သွားပါတယ်။
ရောမမြို့က ဂျင်မ်မယ်လီ ဆေးရုံမှာ ၃ ရက်တာ ကုန်ဆုံးခဲ့တဲ့ အသက် ၈၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးကဆေးရုံအပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ ဆုတောင်းပေးသူတွေနဲ့ မီဒီယာတွေကို လက်ပြနှုတ်ဆက်ကာ ကားနဲ့ထွက်ခွာသွားတာပါ။
ပုပ်ရဟန်းမင်းကြီးရဲ့ အသက်ရှုရခက်ခဲမှုကို ပဋိဇီဝဆေးတွေနဲ့ ကုသမှုအပေါ် ကောင်းစွာတုံ့ပြန်မှုရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာအဖွဲ့က ပြောကြားပါတယ်။
ပုပ်ရဟန်းမင်းကြီးက "ကျနော် မကြောက်လန့်ခဲ့ပါဘူး၊ အသက်လည်း ရှင်နေဆဲပါ" ဆိုပြီး ဆေးရုံအပြင်ဘက်မှာ သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။
ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ မတ်တေးယိုဘရူနီကတော့ ခရစ်ယာန်ပြက္ခဒိန်ထဲမှာ အရေးပါတဲ့ပွဲတစ်ခုဖြစ်တဲ့ အီစတာရက်သတ္တပတ် အစပြုရာ Palm Sunday အစီအစဉ်မှာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ပါဝင်မှာဖြစ်တယ်လို့ အတည်ပြုပါတယ်။
အီစတာပွဲတော် မတိုင်ခင် Holy Week မှာလည်း ရောမမြို့ရှိ ကိုယ်လော့စီယမ်ကွင်းကြီးက Good Friday ညအချိန်စီတန်းလှည့်လည်မှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွယ်နိုင်တဲ့ အခမ်းအနားတွေ၊ ထုံးတမ်းအစဉ်အလာတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။