close

ဆေးအဖွဲ့

close

July 7, 2021

အဲရစ်ဆင်နှင့်ဆေးအဖွဲ့ကို ယူရိုဗိုလ်လုပွဲ ဗီအိုင်ပီတန်းမှလာကြည့်ရန် ဖိတ်ကြား

ပွဲကစားနေစဉ် ကွင်းထဲလဲကျခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်နဲ့ ဆေးအဖွဲ့ကို ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲလာကြည့်ဖို့ ယူအီးအက်ဖ်အေက ဖိတ်ကြားထားပါတယ်။

အဲရစ်ဆင်ဟာ ဒိန်းမတ်နဲ့ ဖင်လန်တို့ကစားခဲ့တဲ့ ယူရိုအုပ်စုအဖွင့်ပွဲစဉ်မှာ ပွဲကစားနေစဉ် နှလုံးဖောက်ပြီးကွင်းထဲမှာ လဲကျခဲ့တာပါ။ 

အဲရစ်ဆင်ကို ကွင်းအတွင်းရှိ ဆေးအဖွဲ့ဝင်တွေနဲ့ အသင်းဖော်တွေကို ရှေးဦးသူနာပြုစုနည်းနဲ့ ကုသပေးခဲ့ပြီး ပြန်လည် သတိရလာခဲ့တာပါ။ အဲဒီနောက်မှ အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ အဲရစ်ဆင်က ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဟာ အဲရစ်ဆင်နဲ့ ဇနီးနဲ့အတူ ကွင်းထဲမှာ ဆေးကုသပေးခဲ့တဲ့ ဆေးအဖွဲ့ဝင် ၆ ဦးကို ယူရိုဗိုလ်လုပွဲကြည့်ဖို့ VIP တန်းအနေနဲ့ ဖိတ်ကြားထားတာဖြစ်ပါတယ်။ 

ဖိတ်ကြားခံခဲ့ရတဲ့အထဲမှာ ပါဝင်တဲ့ဆေးအဖွဲ့ဝင် ပီဒါအက်ဂတ်ကတော့  ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆီဖာရင်ရဲ့ ဖိတ်ခေါ်မှုအပေါ်စိတ်လှုပ်ရှားမိပြီး ခရစ္စမတ်လက်ဆောင်ရရှိတဲ့ ကလေးတစ်ဦး လို ပျော်ရွှင်မိသလို ဂုဏ်ယူကျေနပ်စရာလည်းကောင်းတယ်လို့ ပြောပါတယ်။

အဲရစ်ဆင်နဲ့ ဇနီးဘက်ကတော့ ဗိုလ်လုပွဲလာကြည့်မယ်ဆိုတာ အတည်ပြုချက် လုပ်မထားသေးဘူး လို့သိရပါတယ်။ ဒိန်းမတ် အသင်းဟာ အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ဒီနေ့ညမှာ ကစားရမှာဖြစ်ပါတယ်။

4 mins Ago

April 25, 2020

ကင်ဂျုံအန်း ကျန်းမာရေးအတွက် တရုတ်ဆေးအဖွဲ့ စေလွှတ်

တရုတ်အစိုးရဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအတွက် ဆေးဘက်ဆိုင်ရာ အဖွဲ့တဖွဲ့ကို စေလွှတ်ပေးထားတယ်လို့ သိရပါတယ်။ တရုတ်ဘက်ကနေ ဒီလို ဆရာဝန်တွေနဲ့ အရာရှိတွေ ပါဝင်တဲ့အဖွဲ့တဖွဲ့  မြောက်ကိုရီးယားကို ထွက်ခွာသွားတဲ့အပေါ် သတင်းတွေ မျိုးစုံထွက်နေပါတယ်။ အဲဒီအဖွဲ့ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုး ခံစားနေရတယ်လို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကို ကုသဖို့လား ဆိုတာလည်း သတင်းတွေမှာ ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်သေးပါဘူး။ မြောက်ကိုရီးယား အရေးအတွက် အဓိကကိုင်တွယ်ရတဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ ဧပြီ ၂၃ ရက်က တရုတ်ကနေ မြောက်ကိုရီးယားကို ထွက်သွားတယ်လို့ သိရပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအန်းရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ သတင်းတွေထွက်နေတာ မဟုတ်မှန်လောက်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဟာ ကင်ဂျုံအန်းရဲ့ သွားလာမှုနဲ့ပတ်သက်လို့ နောက်ဆုံး ဖော်ပြခဲ့တာ ဧပြီ ၁၁ ရက်နေ့က ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
1 year Ago
Up