close

ဆွန်ဟောင်မင်

close

May 8, 2023

ဆွန်ဟောင်မင်အပေါ် လူမျိုးရေးခွဲခြားခဲ့သည့် ပရိသတ်ကို ခရစ္စတယ်ပဲလေ့အသင်း အရေးယူမည်

ကိုရီးယားလူမျိုး စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်အပေါ်  လူမျိုးရေးခွဲခြား တဲ့အပြုအမှုလုပ်ဆောင်ခဲ့တဲ့ ပရိသတ်ကို ပဲလေ့အသင်းကအရေးယူမယ်လို့ ထုတ်ပြန်ပါတယ်။

မေလ ၆ ရက်က စပါးအသင်းရဲ့အိမ်ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့က တစ်ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ကွင်းဘေးစည်းကနေ လမ်းလျှောက်လာတဲ့ ဆွန်ဟောင်မင်ကို ခရစ္စတယ်ပဲလေ့ပရိသတ်တစ်ဦးက မျက်လုံးကို လက်နဲ့ ထိုးပြပြီး လက်နှစ်ဖက်နဲ့ ဓာတ်ပုံရိုက်တဲ့အမူအယာ လုပ်ပြခဲ့ပါတယ်။

အဲဒီပရိသတ်ဘေးက လူငယ်တစ်ဦးကလည်း ဆွန်ဟောင်မင်ကို ဆဲရေးတိုင်းထွာခဲ့တာပါ။ အဲဒီဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာကနေ ထွက်ပေါ်လာပြီးနောက် ပဲလေ့အသင်းက ရဲတပ်ဖွဲ့ဆီပေးပို့ပြီး လူမျိုးရေးခွဲခြားတဲ့အပြုအမူလုပ်ဆောင်ခဲ့တဲ့ ပရိသတ်ကို ရှာဖွေစစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။

ဖမ်းမိခဲ့မယ်ဆိုရင်တော့ ပွဲကြည့်ခွင့်ပိတ် ပင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် သြဂုတ်လတုန်းကလည်း ချဲလ်ဆီးပရိသတ် တစ်ဦးကို ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားမှု လုပ်ဆောင်ခဲ့ဖူးပြီး အသင်းကပွဲကြည့်ခွင့်ပိတ်ပင်ခဲ့သလို

ဗြိတိန်တာဝန်ရှိသူတွေဘက်ကလည်း ဘောလုံးပွဲတွေမှာ သုံးနှစ်ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။

6 mins Ago

April 9, 2023

အာရှသားတွေလည်း လုပ်ပြနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိစေချင်ဟု ဆွန်ဟောင်မင်ပြော

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာရှတိုက်က ကစားသမားတွေဟာလည်း လုပ်ပြနိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ရှိစေချင်ကြောင်း စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောသွားပါတယ်။ တောင်ကိုရီးယား တိုက်စစ်မှူးဟာ မနေ့ညက ကစားခဲ့တဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ပြီး နောက် ပရီးမီးယာလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး အာရှကစားသမားတွေထဲမှာ ဂိုး ၁၀၀ ပြည့်ခဲ့ တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

အာရှကစားသမားတွေနဲ့ အထူးသဖြင့် တောင်ကိုရီးယားကစားသမားတွေအနေနဲ့ ဒီလိုအောင်မြင်မှုကိုကြည့်ပြီး သူတို့လည်း အလားတူလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိစေချင်တယ်လို့ ဆွန်ဟောင်မင်ကပြောပါတယ်။

“ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်ခဲ့တာက အာရှတိုက်ကိုယ်စားပြုသူတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့အရာတစ်ခုပါ။ ကျနော့်အနေနဲ့ လူငယ်တွေ  ကူညီဖို့ အတုယူစရာ စံပြကစားသမားဖြစ်ဖို့ တာဝန်ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ အာရှကစားသမားတွေဟာလည်း အံ့အားသင့်စရာ စွမ်းဆောင်ရည်တွေပြသနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိစေချင်ပါတယ်” လို့ ဆွန်ဟောင်မင်ကပြောပါတယ်။

ဆွန်ဟောင်မင်ဟာ မနှစ်ကရာသီက ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးဆုကို လီဗာပူးတိုက်စစ်မှူးဆာလာနဲ့ ပူးတွဲရယူနိုင်ခဲ့ပါသေးတယ်။ 

4 weeks Ago
Up