close

ဇမ္ဗူသီရိမြို့နယ်

close

October 5, 2021

ဖမ်းဆီးခံရသည့် နေပြည်တော် အကသဥက္ကဋ္ဌကို မိသားစု တွေ့ခွင့်မရ

နေပြည်တော်က အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌတယောက်ကို အကြမ်းဖက် စစ်ကောင်စီက ခေါ်ယူသွားပြီး မိသားစုနဲ့ တွေ့ခွင့်မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇမ္ဗူသီရိမြို့နယ်က အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ) ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို စက်တင်ဘာ ၃ ရက်ညနေပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက အိမ်ကနေ ခေါ်သွားခဲ့တာပါ။

“ညနေ ၅ နာရီလောက်မှာ စစ်မေးစရာရှိလို့ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ။ အမှတ် ၃ ရဲစခန်းမှာ ၄ ရက်နေ့ ညနေအထိ ရှိသေးတယ်။ ၅ ရက်နေ့ကျတော့ စခန်းမှာလည်း မရှိတော့ မိသားစုဝင်တွေ မေးတော့လည်း ရုံးချိန်းသွားတယ်လို့ ပြောတယ်။ ပြန်ရောက်ရင် ဆက်သွယ်လိုက်မယ်လို့ ပြောတယ်။ တကယ်ရုံးချိန်းသွားရင်လည်း ညနေဆို ပြန်ရောက်ရမှာလေ” လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ကိုထွန်းအောင်ကျော်ဟာ ၈ တန်းကျောင်းသားတယောက်ဖြစ်ပြီး အသက် ၁၅ နှစ်ပဲ ရှိသေးတယ်လို့ သူက ပြောပါတယ်။

ဒီနေ့ ရဲစခန်းကို သွားမေးရာမှာ‌တော့ ပြန်ရောက်နေပြီလို့ပဲ သိရပြီး တွေ့ခွင့်တော့မရခဲ့ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် မနေ့က စခန်းမှာ မရှိတာဟာ စစ်ကြောရေးတခုခုဆီ ခေါ်သွားတာ ဖြစ်နိုင်မယ်လို့ မိသားစုက သုံးသပ်ပြီး ညှဉ်းပန်းနှိပ်စက်ခံရမှာကို စိုးရိမ်နေကြပါတယ်။

26 mins Ago

November 8, 2020

မဲရုံပိတ်ချိန်ကျော်သည်အထိ နေပြည်တော်ဝန်ထမ်းရပ်ကွက်၌  မဲပေးရန် လူရာချီစောင့်ဆိုင်းနေ

မဲရုံပိတ်သိမ်းချိန် ကျော်လွန်နေပြီဖြစ်ပေမယ့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ထဲက ဘောဂသိဒ္ဓိရပ်ကွက်မဲရုံမှာ ဆန္ဒမဲပေးဖို့ အတွက် လူရာချီကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဝန်ထမ်းအများစုရှိတဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၉၀,၀၀၀ ကျော်ရှိပြီး ဘောဂသိဒ္ဓိရပ်ကွက်ထဲက အ.ထ.က (၆) အတွင်းမှာ မဲရုံစုစုပေါင်း ၆ ရုံ ရှိနေပါတယ်။  တစ်ရုံကို ပျမ်းမျှ မဲပေးခွင့်ရှိသူ ၂၀၀၀ ကျော်ရှိရာမှာ မဲရုံပိတ်သိမ်းချိန် ညနေ ၄ နာရီကို ကျော်လွန်ချိန်အထိ မဲရုံတစ်ရုံဆီကို ဆန္ဒမဲပေးဖို့ လူ ၁၀၀၀ လောက် ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။ ဘောဂသိဒ္ဓိရပ်ကွက်မဲရုံ(၁) ရဲ့ ဒုမဲရုံမှူး ဒေါ်သီတာမြင့်က “ အခု ဒီမဲရုံပရဝဏ်အတွင်းမှာရှိနေတဲ့သူအားလုံးကို မဲပေးခွင့်ရ အောင် ဆောင်ရွက်ပေးမှာပါ။ အကုန်လုံး မဲပေးခွင့်ရမှာပါ ” လို့ ပြောပါတယ်။ ဘောဂသိဒ္ဓိရပ်ကွက်က မဲရုံတွေမှာ ဝန်ထမ်းအများစု လာရောက်မဲပေးကြတာဖြစ်ပြီး လူတန်းရှည်နဲ့ စောင့်ဆိုင်းရတာကို စိတ်မရှည်တဲ့အတွက် မဲမပေးဖြစ်တော့ဘဲ ပြန်သွားကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက နေ မဲလာပေးသူတစ်ဦးက “ကိုဗစ်-၁၉  ကြောက်လို့ လူရှင်းလောက်ချိန်ကို မှန်းပြီး လာခဲ့ပေမယ့် အခုဒီမှာကျတော့ အများကြီးဖြစ်နေတယ်။ အဓိကကတော့ မဲပေးသူ အရမ်းများတဲ့အတွက် အခုလို ကြန့်ကြာရတယ်လို့ပဲ ထင်ပါတယ်” လို့ ပြောပါတယ်။ ဇမ္ဗူသီရိမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ကို အန်အယ်လ်ဒီပါတီ ဦးကျော်ထွေး၊ ကြံ့ခိုင်ရေးပါတီက ဦးဝဏ္ဏမောင်လွင်နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာအောင်မျိုးတို့က အဓိက ယှဉ်ပြိုင်တာဖြစ်ပါတယ်။
11 months Ago
Up