close

ဇလန်စကီး

close

June 13, 2022

ယူကရိန်းအရှေ့ပိုင်း ဆီဗာရိုဒိုနက်စ်မြို့တွင် တိုက်ပွဲပြင်းထန်

ယူကရိန်းအရှေ့ပိုင်း ဆီဗာရိုဒိုနက်စ်မြို့မှာ တိုက်ပွဲဟာ အလွန်ပြင်းထန်နေပြီး မြို့အနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့  သမ္မတ ဇလန်စကီးက ဇွန် ၁၂ ရက်က  ပြောပါတယ်။ 

ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသမှာ ဆီဗာရို ဒိုနက်စ်မြို့တိုက်ပွဲဟာ ဗဟိုချက် ဖြစ်လာပါတယ်။ တချို့ နေရာတွေမှာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေဟာ ရုရှားရဲ့ကျူးကျော်စစ် စတင်ခဲ့တဲ့  ဖေဖော်ဝါရီ ၂၄ နောက်ပိုင်း တွေ့ခဲ့ရသမျှ တိုက်ပွဲတွေထဲ အပြင်းထန်ဆုံးလို့ ဆိုနိုင်ပါတယ်။

ရုရှားတပ်တွေဟာ မြို့ရဲ့ အစိတ်အပိုင်း အတော်များများကို သိမ်းယူထားပြီး၊ ယူကရိန်းတပ်တွေက စက်မှုလက်မှုလုပ်ငန်းတွေ ရှိတဲ့ နယ်မြေကနေ ဆက်ပြီး ခုခံနေပါတယ်။

ပြည်သူတွေလူထုတွေကလည်း ဓာတုစက်ရုံတွေရှိတဲ့ မြို့ရဲ့ အဲဒီဘက်အခြမ်းမှာပဲ ခိုလှုံနေရပါတယ်။ 

ရုရှားတပ်တွေဟာ ဆီဗာရိုဒိုနက်စ် မြို့အပြင် အနီးနားက မြို့တွေကိုလည်း တိုက်ခိုက်ဖို့ ပြင်နေတယ်လို့ ဇီလန်စကီးကပြောပါတယ်။

ရုရှား တပ်တွေဟာ ဆီဗာရိုဒိုးနက်စ်မြို့နဲ့ လင်းဇီချက်စ်မြို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်တယ်လို့ ယူကရိန်း ဒေသအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဆီဗာရိုဒိုးနက်စ်မြို့ဟာ ဒွန်းဘတ်ဒေသမှာ ပါဝင်နေတဲ့ လူဟန့်စ်ခ်ခရိုင်ထဲမှာ ယူကရိန်းတပ်တွေ နောက်ဆုံး တပ်စွဲထားတဲ့ မြို့ဖြစ်ပြီး၊ ဒီမြို့ ကျသွားရင်တော့ စစ်ရေးမှာ ယူကရိန်းအတွက် မဟာဗျူဟာမြောက်ကျဆုံးမှု ဖြစ်မယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

2 mins Ago

March 24, 2022

ပြင်သစ်ကုမ္ပဏီများ ရုရှားဈေးကွက်မှ ထွက်ရန် ယူကရိန်းသမ္မတ တိုက်တွန်း

ကားထုတ်လုပ်တဲ့ကုမ္ပဏီ ရေးနိုးနဲ့ လက်လီအရောင်းလုပ်ငန်းကြီး အူရှန်း အပါအဝင်  ပြင်သစ်ကုမ္ပဏီတွေ ရုရှားဈေးကွက်ကနေ ထွက်ရမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက မတ် ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

ရေးနိုး၊ အူရှန်း၊ လေရွိုင်မယ်လင်တို့ဟာ ရုရှားစစ်ပစ္စည်းတွေ ပံ့ပိုးနေတာကို ရပ်ရမယ်၊ ကလေးတွေနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်နေသူကို ဘဏ္ဍာငွေ ထောက်ပံ့တာ ရပ်ရမယ်လို့ ဇလန်းစကီးက ပြင်သစ်အမျိုးသားလွှတ်တော်ကို ရုပ်သံကနေတဆင့် ပြောတဲ့ မိန့်ခွန်းအတွင်း ပြောပါတယ်။

သူ့ရဲ့ သင်္ကေတဖြစ်တဲ့ ကာကီရောင်တီရှပ်ကို ဝတ်ရင်း ထိုင်နေတဲ့ ဇလန်းစကီးက မေတ္တာရပ်ခံအပြီးမှာ ပြင်သစ် လွှတ်တော်အမတ်တွေက မတ်တပ်ရပ်ပြီး ထောက်ခံအားပေးခဲ့ပါတယ်။

ဒါ့အပြင် ဇလန်းစကီးရဲ့ မေတ္တာရပ်ခံချက်ကြောင့် တလနီးပါးကြာတဲ့ ယူကရိန်းစစ်ပွဲအတွင်း ဓားစာခံတွေကို တမိနစ် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။

3 months Ago
Up