close

ဇီဒန်း

close

April 6, 2023

ပရီးမီးယားလိဂ်အသင်းများကို ဇီဒန်း တာဝန်ယူရန် မဖြစ်နိုင်ကြောင်း ပီတစ် သုံးသပ်

ပြင်သစ်နည်းပြ ဇီဒန်းဟာ ပရီးမီးယားလိဂ်အသင်းတွေကို တာဝန်ယူဖို့ မဖြစ်နိုင်ကြောင်း ပြင်သစ်အသင်းဖော်ဟောင်း အီမန်နူယယ်ပီတစ်က ပြောသွားပါတယ်။

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ဥရောပချန်ပီယံလိဂ်ဆုဖလား သုံးကြိမ်ဆက်တိုက် ရယူပေးခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတာပါ။

ပရီးမီးယားလိဂ်အသင်းတွေနဲ့ အမြဲလိုလို သတင်းထွက်ပေါ်နေပေမဲ့ ဇီဒန်းဟာ အင်္ဂလိပ်စကား ပြောတတ်တဲ့သူ မဟုတ်တာကြောင့် အင်္ဂလိပ်အသင်းတွေကို တာဝန်ယူဖို့ မဖြစ်နိုင်သလောက်ဖြစ်ကြောင်း ပီတစ်က ပြောပါတယ်။

“ဇီဒန်းဟာ ပရီးမီးယားလိဂ်ကို လာမှာမဟုတ်တာက သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ အင်္ဂလိပ်စကားမပြောတဲ့သူ ဖြစ်လို့ပါပဲ။ ကျနော်က ဇီဒန်းနဲ့ အတူကြီးပြင်းလာတဲ့သူ ဖြစ်လို့ ကစားသမားတွေအပေါ် သူပြောဆိုချဉ်းကပ်ပုံက အလွန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ ကစားသမားတွေကို တိုက်ရိုက်ပဲ သူပြောချင်တာ။ ဒါကြောင့် တိုက်ရိုက်ပြောနိုင် ဆိုနိုင်ဖို့က သူ့အတွက် အရေးကြီးဆုံးအချက်ဖြစ်ပြီး ဘာသာပြန်ထားတာကို သူမလိုချင်ပါဘူး” လို့ ပီတစ်က ပြောပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ပီတစ်ဟာ ဇီဒန်းနဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းအတွက် ချန်ပီယံဆုဖလား အတူတကွ ရယူနိုင်ခဲ့ဖူးပါတယ်။

2 mins Ago

November 28, 2021

နည်းပြပြောင်းလဲရန် မရှိကြောင်း PSG ဒါရိုက်တာပြော

ပီအက်စ်ဂျီအသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ နည်းပြပြောင်းလဲသွားဖို့ မရှိသလို သတင်းတွေ ထွက်ပေါ်နေတဲ့ ဇီဒန်းနဲ့ ဆက်သွယ်တာလည်း မရှိကြောင်း အသင်းဒါရိုက်တာ လီယိုနာဒိုက ပြောပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ နည်းပြ ပိုချက်တီနိုကို ယူနိုက်တက်အသင်းဆီ ထွက်ခွာခွင့်ပြုဖို့ အသင့်ရှိနေပြီး အပြောင်းအလဲလုပ်ဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ 

အသင်းဒါရိုက်တာ လီယိုနာဒိုကတော့ အဲဒီသတင်းတွေကို ငြင်းဆိုသွားခဲ့ပြီး ဇီဒန်းနဲ့ ဆက်သွယ်တာမရှိသလို ပိုချက်တီနိုနဲ့လည်း လမ်းခွဲဖို့မရှိကြောင်း အတည်ပြုခဲ့တာပါ။ 

“ပိုချက်တီနို ထွက်ခွာမှာ မလိုချင်သလို သူ့ဘက်ကလည်း ထွက်ခွာဖို့ တောင်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဘယ်အသင်းကမှလည်း သူ့ကို ဆက်သွယ်တာမရှိပါဘူး။ ဇီဒန်းကို ကစားသမားအနေနဲ့ရော၊ နည်းပြအနေနဲ့ပါ လေးစားပေမယ့် သေချာတာကတော့ သူနဲ့ဆက်သွယ်တာ၊ ဆွေးနွေးတာ ဘာမှမရှိပါဘူး” လို့ လီယိုနာဒိုက ပြောပါတယ်။ 

နည်းပြပိုချက်တီနိုကိုယ်တိုင်ကလည်း သတင်းတွေက ကောလာဟလသာဖြစ်ပြီး အဲဒီလို သတင်းတွေနဲ့ အသားကျနေပြီဖြစ်ကြောင်း၊ ပီအက်စ်ဂျီအတွက်ပဲ အာရုံစိုက်ထားကြောင်း ရှင်းလင်းခဲ့ပါတယ်။

1 year Ago
Up