close

ဇေယျာသီရိ

close

July 23, 2021

ကိုဗစ်လူနာသစ် ၆၀၀၀ ကျော်တွင် ဇေယျာသီရိမြို့နယ်က ၂၆၀ ဖြင့် ကူးစက်မှုအများဆုံးဖြစ်

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၆,၀၉၃ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က ကူးစက်ခံရသူ ၂၆၀ ယောက်နဲ့ အ များဆုံးဖြစ်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏ အတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၆,၅၉၀ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၆,၀၉၃ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၇ ရာခိုင်နှုန်းနီးပါး ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက်ကတော့ ၂၄၇ ယောက် ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅,၈၁၄ ယောက်၊ ကူးစက်ခံရသူ စုစုပေါင်း ၂၄၆,၆၆၃ ယောက်ထိ ရှိ နေခဲ့တာပါ။

         ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ပဲခူး တိုင်းဒေသကြီးက ၁,၂၂၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ မကွေးတိုင်း ဒေသကြီးက ၁,၁၈၉ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးက ၇၉၆ ယောက်စီနဲ့ အစဉ်လိုက် အများဆုံး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။   

8 mins Ago

November 8, 2020

ဇေယျာသီရိမြို့နယ်၌ ရေတွက်ပြီးသမျှ မဲရလဒ်အရ အန်အယ်လ်ဒီ အသာရနေ 

နေပြည်တော် တပ်နယ်မြေ၊ ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ်မှာ စုစုပေါင်း မဲရုံ ၇၄ ရုံ ရှိတဲ့အနက် မဲရုံ ၄၇ ရုံရဲ့ ဆန္ဒမဲလက်မှတ်တွေ ရေတွက်ပြီးချိန်မှာ  ပြည်သူ့လွှတ်တော်နေရာအတွက်    အန်အယ်လ်ဒီပါတီက  မဲ ၁,၈၀၀ လောက် အသာရနေတယ်လို့ သိရပါတယ်။ တပ်မဲရုံ ၁၁ ရုံအပါအဝင် မဲရုံ ၄၇ ရုံက မဲတွေကို ရေတွက်မှုအပြီးမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း  ဒေါက်တာမိုးဆွေက  ၁၉,၂၇၀ မဲ၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ  ဦးသန်းဌေးက ၁၇,၄၈၀ မဲ ရရှိနေပြီး အန်အယ်လ်ဒီပါတီက မဲ ၁,၇၉၀ အထိ အသာရရှိနေတာဖြစ်ပါတယ်။  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၀,၀၀၀ ကျော်ရှိနေတဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာ တပ်မတော်သား မဲပေးခွင့်ရှိသူက ၂၀,၀၀၀ လောက်ရှိနေပြီး ရေတွက်ဖို့ကျန်နေသေးတဲ့ မဲရုံ ၂၇ ရုံ ရှိပြီး ဒီအထဲမှာ တပ်မဲရုံ ၅ ရုံလည်း ကျန်နေသေးတာဖြစ်ပါတယ်။ ဇေယျာသီရိမြို့နယ်ပါဝင်တဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁ မှာလည်း အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက ကျန်ပါတီတွေက ကိုယ်စားလှယ်လောင်းတွေထက် အသာရရှိနေတယ်လို့လည်း သိရပါတယ်။ ဇေယျာသီရိမြို့နယ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် ကြံ့ခိုင်ရေးပါတီ အနိုင်ရထားတဲ့ နယ်မြေဖြစ်ပါတယ်။  ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
9 months Ago

ဇေယျာသီရိမြို့နယ် အနော်ရထာတပ်မဲရုံ မြင်ကွင်း (ဓာတ်ပုံ)

နေပြည်တော်၊  ဇေယျာသီရိမြို့နယ်က အနော်ရထာတပ်မဲရုံမှာ  ၂၀၂၀ ရွေးကောက်ပွဲအတွက်  ဒီနေ့မနက် စတင် မဲပေးနေကြပါတယ်။ ဇေယျာသီရိမြို့နယ်မှာ ပြည်သူနဲ့ အမျိုးသား လွှတ်တော်နေရာတွေအတွက် အန်အယ်လ်ဒီက ဒေါက်တာမိုးဆွေ၊ ဦးမောင်မောင်ဆွေနဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးသန်းဌေးနဲ့  ဦးခင်မောင်ဌေးတို့ ဝင်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။ ဇေယျာသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၈၂၄၉၀ ဦး၊ တပ်မဲရုံ ၁၆ ရုံအပါအဝင် မဲရုံပေါင်း ၇၄ ရုံရှိတယ်လို့ သိရပါတယ်။  
9 months Ago
Up