close

ဈာပန

close

January 31, 2023

ပါကစ္စတန်တွင် ဗုံးခွဲခံရမှုကြောင့် သေဆုံးသူ ၄၇ ဦး၏ ဈာပနကျင်းပ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းပေရှဝါမြို့က လူစည်ကားတဲ့ ဗလီတစ်ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၇ ယောက်အတွက် အစုလိုက် ဈာပနပွဲကို ဇန်နဝါရီ ၃၀ ရက်မှာ ဆောင်ရွက်ခဲ့ပါတယ်။ 

ဒဏ်ရာရသူ ဒါဇင်များစွာကို တနင်္လာနေ့မှာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပေရှဝါမြို့ရဲ့ လမ်းတွေပေါ်မှာ လူနာတင်ယာဉ်တွေ ပြည့်နှက်နေခဲ့ပါတယ်။

လူ ၁၄၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပြီး အများစုမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ဒေသဆိုင်ရာ အကူအညီပေးရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့အစည်းမှ အလုပ်သမား မိုဟမ်မဒ် ဘီလယ်လ်က"ဗလီရှေ့ပိုင်း ပြိုကျသွားတယ်။ အဆောက်အအုံပြိုကျပြီး ဝတ်ပြုသူတွေ အများအပြား ပိတ်မိနေသေးတယ်။ ဒါပေမဲ့ အဲဒီအောက်မှာ လူဘယ်လောက်ပိတ်မိနေတယ်ဆိုတာတော့ မသိရသေးဘူး"လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်ကတော့ ဒီပေါက်ကွဲမှုဟာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။ ဗလီထဲမှာ အနည်းဆုံး လူ ၂၆၀ လောက်ရှိခဲ့တယ်လို့ ရဲအရာရှိ ရှိခန်းဒါ ခန်းက ပြောပါတယ်။ 

နေ့ခင်းဝတ်ပြုဆုတောင်းနေချိန် ဗလီအတွင်း ပြိုကျပျက်စီးသွားတဲ့ ဗုံးခွဲတိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်ရှိကြောင်း ထုတ်ဖော်မပြော သေးပါဘူး။ 

ဒီဗလီဟာ ခရိုင်ရဲတပ်ဖွဲဌာနချုပ်နဲ့ အကြမ်းဖက်မှု တန်ပြန်ရေးဌာနတို့ ပါဝင်တဲ့ ခိုင်ခံ့တဲ့ ခြံဝင်းထဲမှာ ရှိနေပါတယ်။

သောကြာနေ့ဝတ်ပြုဆုတောင်းမှုအတွင်း ရှီးယိုက်မွတ်စလင်ဗလီတစ်ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ မနှစ်က မတ်လနောက်ပိုင်း အဆိုးရွားဆုံးတိုက်ခိုက်မှုပါ။

လူ ၅၈ ဦးထက်မနည်းသေဆုံးပြီး အယောက် ၂၀၀ နီးပါးဒဏ်ရာရခဲ့တယ်လို့ IS စစ်သွေးကြွတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

အာဖဂန်နစ္စတန်နဲ့ ထိစပ်နေတဲ့ ပါကစ္စတန်လူမျိုးစု ခရိုင်တွေရဲ့ အစွန်းမှာ တည်ရှိတဲ့ ပေရှဝါမြို့ကို ပါကစ္စတန် တာလီဘန်တွေအပါအဝင် စစ်သွေးကြွအဖွဲ့တွေက မကြာခဏပစ်မှတ်ထားကြပါတယ်။ 

3 days Ago

January 9, 2023

လုပ်ကြံခံရသည့် ALP ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်မှူး ၂ ဦး၏ ဈာပနကျင်းပ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)  စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊  အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့  ဗိုလ်ကြီးခိုင်သူရိန္ဒတို့ရဲ့ ဈာပနကို ဇန်နဝါရီ ၈ ရက်က ကျင်းပပါတယ်။

သူတို့ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို မနေ့ နေ့လယ်ပိုင်းမှာ မီးသင်္ဂြိုလ်လိုက်ပြီးဖြစ်ကြောင်း ကျဆုံးသွားတဲ့ ခေါင်းဆောင် ၃ ဦးကို နောက်ဆုံးအနေနဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ တပ်မှူးတွေနဲ့ ရဲဘော်တွေက ဂါရဝပြုခဲ့ကြတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က သတင်းထုတ်ပြန် ပါတယ်။

ဈာပနအခမ်းအနားမှာ  NCA-s EAO၊ EAO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပေးပို့လာတဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေကို ဖတ်ကြားတာနဲ့ အမိန့်ပြန်တမ်းစာဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ခိုင်စောမြ၊ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ ဇန်နဝါရီ ၄ ရက် နေ့မနက်က  စိန်ရတုလွတ်လပ်ရေးနေ အခမ်းအနားကအပြန် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ၁၃ ရှိ ဆီတန်းရှေ့ ငါးစင်ရိုင်းချောင်းကျောင်းအနီးမှာ သေနတ်သမားတွေရဲ့ အနီးကတ်ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ရဲ့ အရိုးပြာတွေကို သိမ်းဆည်းထားပြီး အာဇာနည် အဖြစ်သတ်မှတ်ကာ  နောင်လာ နောင်သားတွေ အမှတ်ရစေဖို့ အထိမ်းအမှတ်ကျောက်တိုင် ဒါမှမဟုတ် ကျောက်ရုပ်တုတွေ စိုက်ထူပြုပေးမယ်လို့လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ= AlP

4 weeks Ago
Up