close

ဈေးကြီး

close

February 28, 2023

အဝေးပြေးကားလက်မှတ်ခ ဈေးကြီးမြင့်မှုကြောင့် ရထားစီးသူ ပိုများလာ

မြန်မာပြည်တွင်း စက်သုံးဆီဈေး မြင့်တက်မှုနဲ့အတူ အဝေးပြေးကားလက်မှတ်ခတွေ ဈေးကြီးမြင့်မှုကြောင့် နေပြည်တော်မှာ မီးရထားစီးသူ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မီးရထားဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့လို့ ဝန်ထမ်း မလုံလောက်မှုကြောင့် ရထားပြေးဆွဲမှုတွေကို ရပ်တန့်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစတင်ပြီး ပြန်လည်ပြေးဆွဲခဲ့တာပါ။

လတ်တလောအချိန်မှာ စက်သုံးဆီ‌ဈေး မြင့်တက်မှုကြောင့် ကားလက်မှတ်ခ‌ ဈေးတွေ ကြီးမြင့်နေတဲ့အတွက် ရထားစီးသူ ပိုများလာတယ်လို့ နေပြည်တော် တပ်ကုန်းနေသူတဦးက ပြောပါတယ်။

“ကားခတွေက ဒီလောက်ဈေးကြီးနေတာ။ အရင်က နေပြည်တော်-ရန်ကုန် ၆,၅၀၀ ပဲရှိတယ်။ အခု ၁၈,၀၀၀/၂၀,၀၀၀၊ အသွားအပြန်ဆိုတော့ မစားသာဘူးလေ။ ရထားဈေးလည်း နည်းနည်းတက်တယ်ဆိုပေမဲ့ ကားခနဲ့စာရင် ထက်ဝက်လောက်ကွာဝောာ့ လူတွေက ရထားစီးတာ ပိုများလာတာပေါ့။”

ရထားတွေ ပြန်လည်ပြေးဆွဲနေပြီဆိုပေမဲ့ အရင်လို ရထားအစုံတော့ ပြေးဆွဲနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ နေပြည်တော်-ရန်ကုန်ကို အမှတ် ၆ အစုန် လေအိတ်အထူးအမြန်၊ အမှတ် ၄ အစုန် အမြန်ရထား၊ အမှတ် ၂ အစုန် စာပို့ရထားတို့နဲ့ တနေ့ ၃ ကြိမ် ပြေးဆွဲနေပြီး နေပြည်တော်-မန္တလေးကိုလည်း အမှတ် ၅ အစုန် လေအိတ်အထူးအမြန်၊ အမှတ် ၃ အစုန် အမြန်ရထား၊ အမှတ် ၁ အစုန် စာပို့ရထားတို့နဲ့ ပြေးဆွဲနေတယ်လို့ သိရပါတယ်။

7 mins Ago

December 31, 2022

တိုက်စစ်မှူးတွေ ဈေးကြီးနေဟု မန်ယူနည်းပြတန်ဟတ်ဂ်ညည်းတွား

အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတွေရဲ့ ပြောင်းရွှေ့ကြေးကမြင့်မားနေတယ်လို့ မန်ယူနည်းပြ တန်ဟတ်ဂ် ကပြောပါတယ်။

မန်ယူအသင်းဟာ စီရော်နယ်ဒိုထွက်ခွာသွားပြီးနောက် သူ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦးရှာဖွေနေတာပါ။ 

ပီအက်ဗွီတိုက်စစ်မှူး ဂတ်ပိုကို လီဗာပူးအသင်းက လက်ဦးမှုရယူသွားပြီးနောက် နောက်ထပ်တိုက်စစ်မှူးတစ်ဦးကိုခေါ်ယူဖို့ မန်ယူအသင်းက ကြိုးပမ်းနေတာပါ။

လတ်တလောအခြေအနေမှာ သတင်းမထူးသေးပေမယ့်  တိုက်စစ်မှူးတွေရဲ့ တန်ဖိုးက မြင့်မားပြီး ဆောင်းရာသီအပြောင်းအရွှေ့မှာ ပိုပြီးဈေးနူန်းမြင့်မားကြောင့် တန်ဟတ်ဂ်က ပြောခဲ့တာပါ။

ဒါပေမဲ့ အသင်းအတွက် အရာအားလုံးဖန်တီးပေးနိုင်စွမ်းရှိပြီး အသင်းနဲ့ အံဝင်နိုမယ့် ကစားသမားမျိုးလိုအပ်ပြီး အဲဒီအတွက်လည်း ရှာဖွေနေတယ်လို့ နည်းပြတန်ဟတ်ဂ်ကပြော သွားပါတယ်။ 

2 months Ago
Up