တိုက်စစ်မှူးတွေ ဈေးကြီးနေဟု မန်ယူနည်းပြတန်ဟတ်ဂ်ညည်းတွား

အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတွေရဲ့ ပြောင်းရွှေ့ကြေးကမြင့်မားနေတယ်လို့ မန်ယူနည်းပြ တန်ဟတ်ဂ် ကပြောပါတယ်။
မန်ယူအသင်းဟာ စီရော်နယ်ဒိုထွက်ခွာသွားပြီးနောက် သူ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦးရှာဖွေနေတာပါ။
ပီအက်ဗွီတိုက်စစ်မှူး ဂတ်ပိုကို လီဗာပူးအသင်းက လက်ဦးမှုရယူသွားပြီးနောက် နောက်ထပ်တိုက်စစ်မှူးတစ်ဦးကိုခေါ်ယူဖို့ မန်ယူအသင်းက ကြိုးပမ်းနေတာပါ။
လတ်တလောအခြေအနေမှာ သတင်းမထူးသေးပေမယ့် တိုက်စစ်မှူးတွေရဲ့ တန်ဖိုးက မြင့်မားပြီး ဆောင်းရာသီအပြောင်းအရွှေ့မှာ ပိုပြီးဈေးနူန်းမြင့်မားကြောင့် တန်ဟတ်ဂ်က ပြောခဲ့တာပါ။
ဒါပေမဲ့ အသင်းအတွက် အရာအားလုံးဖန်တီးပေးနိုင်စွမ်းရှိပြီး အသင်းနဲ့ အံဝင်နိုမယ့် ကစားသမားမျိုးလိုအပ်ပြီး အဲဒီအတွက်လည်း ရှာဖွေနေတယ်လို့ နည်းပြတန်ဟတ်ဂ်ကပြော သွားပါတယ်။