close

ဈေးဝယ်သူ

close

June 12, 2022

သပိတ်မှောက်ခံ မြန်မာပလာဇာတွင် ဈေးဝယ်သူနှင့် လာရောက်လည်ပတ်သူ ပြန်ရှိလာ

ရန်ကုန်မြို့ရှိ သပိတ်မှောက်ခံထားရတဲ့ မြန်မာပလာဇာမှာ ဇွန်ပထမအပတ်လောက်ကစပြီး ဈေးဝယ်သူတွေနဲ့ လာရောက်လည်ပတ်သူတွေ အနည်းငယ်ရှိလာသလို ပရိုမိုးရှင်းပွဲတွေရှိတဲ့အခါ လာရောက်သူ ပိုမိုများပြားလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ ဈေးဝယ်သူတွေနဲ့ လာရောက်လည်ပတ်သူတွေ များပြားလာတာဖြစ်ပြီး  ရုံးဖွင့်ရက်တွေမှာတော့ လာရောက်သူနည်းပါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်က မြန်မာပလာဇာရဲ့ လုံခြုံရေးတွေက ဆန္ဒပြလူငယ်တွေကို ရိုက်နှက်ဖမ်းဆီးတာတွေပြလုပ်ခဲ့တဲ့ အချိန်ကစပြီး ဒီနေ့အထိ ပြည်သူအများစုက သပိတ်မှောက်ကာ မြန်မာပလာဇာကို မသွားရောက်ပဲနေခဲ့ကြတာ အချိန်ကာလအားဖြင့် ၇ လ ကျော်အထိရှိလာပြီ ဖြစ်ပါတယ်။

သပိတ်မှောက်စဥ်ကာလက မြန်မာပလာဇာအတွင်းမှာရှိတဲ့ ဆိုင်ခန်းတွေအများအပြား ပိတ်သိမ်းခဲ့ကြပေမဲ့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် တချို့ဆိုင်ခန်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ ဆိုင်ခန်းတချို့ကတော့ အပြီးပိတ်သိမ်းသွားခဲ့တာပါ။

ဒါပေမဲ့ အခုအခါ မြန်မာပလာဇာအတွင်းမှာရှိတဲ့ ဆိုင်ခန်းတွေအားလုံးနီးပါးပြန်လည်ဖွင့်လှစ်ထားပြီး မြန်မာပလာဇာဘက်ကလည်း ပြည်သူတွေလာရောက်လည်ပတ်စေဖို့ ပရိုမိုးရှင်းပွဲအမျိုးမျိုးနဲ့ အခမ်းအနားအမျိုးကို ပြုလုပ်ပြီး ပြန်လည်စည်ကားအောင်လုပ်ဆောင်နေပါတယ်။

10 hours Ago

August 22, 2021

ဟိုချီမင်းစီးတီး၌ ကိုဗစ် လော့ဒေါင်းမတိုင်ခင် ဈေးဝယ်သူများနှင့်စည်ကား

ဗီယက်နမ်နိုင်ငံရဲ့ အဆိုးဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအတွင်း ပိုတင်းကျပ်တဲ့ အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်ကို အသက်မသွင်းခင် အကြီးဆုံးမြို့ ဟိုချီမင်းက စူပါမားကက်မှာ သြဂုတ် ၂၁ ရက်မှာ ဈေးဝယ်နေသူတွေနဲ့ စည်ကားနေပါတယ်။

ဟိုချီမင်းစီးတီးမြို့မှာ စနေနေ့က စူပါမားကတ်တွေရဲ့ စင်တွေပေါ်မှာ ပစ္စည်းတွေကုန်သွားလို့ ဗလာကျင်းနေပြီး ဈေးဝယ်တွေက ဈေးတွန်းလှည်းတွေနဲ့ တန်းစီနေတဲ့ ရုပ်သံကို အစိုးရမီဒီယာ VTV က ထုတ်လွှင့်ပြသပါတယ်။

မနက်ဖန် သြဂုတ် ၂၃ ရက်က စလို့ ဟိုချီမင်းစီးတီးမြို့က ဒေသခံတွေ အိမ်ထဲက အိမ်ပြင် မထွက်ဖို့ တားမြစ်ရေး အစိုးရက စီစဉ်ခဲ့လို့ အဆိုးဆုံး ကူးစက်လှိုင်းအတွင်း အများဆုံး ကူးစက်ခံ ဟိုချီမင်း မြို့မှာ လူတွေ ထိတ်လန့်တကြား ဈေးဝယ်ခဲ့ကြတာပါ။ 

အလုအယက် ဈေးဝယ်တဲ့ အပြုအမူဟာ နိုင်ငံရဲ့ အကြီးဆုံးမြို့မှာ ကူးစက်မှု ထိန်းချုပ်ရေး အားထုတ်မှုတွေကို ထိခိုက်စေတယ်လို့ ဗီယက်နမ် တရားဝင်သတင်းဌာန VNA က ပြောပါတယ်။

ဗီယက်နမ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ စုစုပေါင်း ၃၂၃၀၀၀  ရှိပြီး ကူးစက်ခံ သေဆုံးသူ  ၇၅၄၀ ရှိခဲ့တယ်။  ရောဂါ ကူးစက်ခံရသူ တဝက်နဲ့ ကူးစက်ခံ သေဆုံးသူ ၈၀ ရာခိုင်နှုန်းဟာ ဟိုချီမင်းစီးတီးက ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 

10 months Ago
Up