ဟိုချီမင်းစီးတီး၌ ကိုဗစ် လော့ဒေါင်းမတိုင်ခင် ဈေးဝယ်သူများနှင့်စည်ကား

ဗီယက်နမ်နိုင်ငံရဲ့ အဆိုးဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအတွင်း ပိုတင်းကျပ်တဲ့ အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်ကို အသက်မသွင်းခင် အကြီးဆုံးမြို့ ဟိုချီမင်းက စူပါမားကက်မှာ သြဂုတ် ၂၁ ရက်မှာ ဈေးဝယ်နေသူတွေနဲ့ စည်ကားနေပါတယ်။
ဟိုချီမင်းစီးတီးမြို့မှာ စနေနေ့က စူပါမားကတ်တွေရဲ့ စင်တွေပေါ်မှာ ပစ္စည်းတွေကုန်သွားလို့ ဗလာကျင်းနေပြီး ဈေးဝယ်တွေက ဈေးတွန်းလှည်းတွေနဲ့ တန်းစီနေတဲ့ ရုပ်သံကို အစိုးရမီဒီယာ VTV က ထုတ်လွှင့်ပြသပါတယ်။
မနက်ဖန် သြဂုတ် ၂၃ ရက်က စလို့ ဟိုချီမင်းစီးတီးမြို့က ဒေသခံတွေ အိမ်ထဲက အိမ်ပြင် မထွက်ဖို့ တားမြစ်ရေး အစိုးရက စီစဉ်ခဲ့လို့ အဆိုးဆုံး ကူးစက်လှိုင်းအတွင်း အများဆုံး ကူးစက်ခံ ဟိုချီမင်း မြို့မှာ လူတွေ ထိတ်လန့်တကြား ဈေးဝယ်ခဲ့ကြတာပါ။
အလုအယက် ဈေးဝယ်တဲ့ အပြုအမူဟာ နိုင်ငံရဲ့ အကြီးဆုံးမြို့မှာ ကူးစက်မှု ထိန်းချုပ်ရေး အားထုတ်မှုတွေကို ထိခိုက်စေတယ်လို့ ဗီယက်နမ် တရားဝင်သတင်းဌာန VNA က ပြောပါတယ်။
ဗီယက်နမ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ စုစုပေါင်း ၃၂၃၀၀၀ ရှိပြီး ကူးစက်ခံ သေဆုံးသူ ၇၅၄၀ ရှိခဲ့တယ်။ ရောဂါ ကူးစက်ခံရသူ တဝက်နဲ့ ကူးစက်ခံ သေဆုံးသူ ၈၀ ရာခိုင်နှုန်းဟာ ဟိုချီမင်းစီးတီးက ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။