close

ညီညွတ်ကြရန်

close

November 5, 2021

ပြည်သူများကျန်းမာရေးဂရုစိုက်ရန်၊ ညီညွတ်ကြရန်နှင့် အဆင်မပြေမှုများအတွက် စိတ်မကောင်းကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ပြည်သူအားလုံး ကျန်းမာရေးဂရုစိုက်ဖို့၊ ညီညီညွတ်ညွတ်နေကြဖို့နဲ့ ပြည်သူတွေရဲ့စီးပွားရေး အခက်အခဲတွေကိုကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက် ဒီကနေ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၄ မှုထဲက ၂ မှုကို နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးစဉ် ပြောဆိုခဲ့တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီက စုံစမ်းသိရှိရပါတယ်။

ဒီနေ့ အမှုနံပတ် ၃ နဲ့ ၄ ကိုဆက်လက်စစ်ဆေးခဲ့ပြီး နေပြည်တော်စည်ပင်ဌာနမှူးဟောင်း ဦးစိုးနိုင်ကို အပြန်အလှန်စစ်မေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားရုံးက အမှုနံပတ်  ၂ အတွက် တရားလိုပြသက်သေ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဇနီးဒေါ်ခင်မိမိကြွယ်ကို ခေါ်ဆိုထားပေမယ့် ရောက်လာခဲ့ခြင်းမရှိပါဘူး။

အဂတိအမှုလေးမှုထဲက အမှုနံပတ် ၂ ရွှေချောင်းနဲ့ ဒေါ်လာတွေရယူထားတယ်ဆိုတဲ့ အမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၁ ရက်နေ့ရုံးချိန်းမှာ စစ်ကောင်စွဲရဲ့ စွဲချက်မှန်ကန်ကြောင်း ထွက်ဆိုထားပါတယ်။ 

နိုဝင်ဘာ ၅ ရက်နေ့ရုံးချိန်းမှာ အမှုနံပတ် ၂ နဲ့ ၅ အတွက် တရားလိုပြသက်သေတွေ ရောက်မလာတဲ့အတွက် အဲ့ဒီအမှုတွေကို မစစ်ဆေးနိုင်ခဲ့ပါဘူး။ နောက်ရုံးချိန်းကိုတော့ နိုဝင်ဘာ ၁၂ရက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှု ၄ မှုအတွက် မန္တလေးတိုင်းတရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး နေပြည်တော်မှာ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၄ မှုအပါအဝင် စစ်ကောင်စီစွဲဆိုထားတဲ့ အမှု ၁၁မှုနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။

5 mins Ago

April 15, 2020

ဘုံရန်သူ COVID-19 ကို အောင်နိုင်ရေး ညီညွတ်ကြရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ပြည်သူတွေအနေနဲ့ အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ COVID-19 ကို အောင်နိုင်ဖို့ ညီညီ ညွတ်ညွတ်နဲ့ လုပ်ကြဖို့နဲ့ COVID-19 ကို တိုက်ဖို့ လိုတဲ့အင်အားတွေကို ကိုယ့်အချင်းချင်း တိုက်ဖို့ မသုံးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်ကနေ တိုက်တွန်း ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ COVID-19 ရောဂါ ကူးစက်နေသူ ၂၁ ဦး ထပ်တွေ့ရှိခဲ့ပြီး ဒီအပတ်နဲ့ နောက်အပတ်အတွင်းမှာ ရောဂါပျံ့နှံ့မှုနှုန်း များလာနိုင်မယ်ဆိုတာ မှန်းဆထားပြီးဖြစ်လို့ ပြည်သူတွေကိုလည်း သတိပေးခဲ့သလို ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံတော်က အတတ်နိုင်ဆုံး ပြင်ဆင်ထားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရန်ကုန်မှာ ခရစ်ယာန် သင်းအုပ်ဆရာနဲ့ တရားဟောဆရာအပါဝင် ၄ ဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ  အမှုဖွင့်အရေးယူလိုက်တာနဲ့ ပတ်သက်ပြီးလည်း စိတ်ဝမ်းမကွဲကြဖို့နဲ့ မှန်ကန် မျှတအောင်တာဝန်ယူဖြေရှင်းပေးမယ်လို့လည်း ပြောပါတယ်။  “စိုးရိမ်စိတ်တွေ ကြီးလာတာနဲ့အမျှ၊ ဒေါသတွေလည်းကြီးလာကြပါတယ်။ COVID-19 ကိုတိုက်ဖို့ လိုတဲ့အင်အားတွေ ကိုကိုယ့်အချင်းချင်း တိုက်ဖို့ မသုံးကြပါနဲ့။ အင်းစိန်မှာ လူတစ်စု ရောဂါပိုးရှိကြောင်းသိရှိရမှု ကအစချီပြီး၊  ရန်ကုန်တိုင်းအစိုးရရဲ့ ထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ကျွန်မတို့ ပြည်သူတွေကြားစိတ်ဝမ်းကွဲကြရတာတွေဟာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒေါသတွေကို ဖျောက်ကြပါ။ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟို​ကော်မတီ ဥက္ကဋ္ဌ အနေနဲ့ ကျွန်မ ဒီကိစ္စကို မှန်ကန် မျှတအောင် ဖြေရှင်းဖို့ တာဝန်ယူပါမယ်။ အခုအချိန်မှာ အရေးကြီးဆုံး လိုအပ်ချက် တစ်ခုက quarantine ကိစ္စ ကိုထိထိ ရောက်ရောက် ဆောင်ရွက်ရေးပဲ ဖြစ်တယ်လို့လည်း နို်ငငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ “ရောဂါကူးစက်ထားသူ အရေအတွက် များလာတော့ စိုးရိမ်ကြောင့်ကြမှုတွေလည်း များလာ ပါတယ်။ Quarantine နေရာကနေ ထွက်ပြေးဖို့ ကြိုးစားတာတောင် ရှိတယ်ဆိုတာ သိကြမှာပါ။ ရောဂါပိုး ဝင်နေပြီဆိုရင် ထွက်ပြေးလို့ မလွတ်ပါဘူး။ စောစောသိပြီး စောစောဆေးကုခံယူတာ အကောင်းဆုံးပါ။ COVID-19 ဟာ ကုလို့ရနိုင်တဲ့ ရောဂါပါ။ စောစောသိမှ စောစောကုသနိုင်ပြီး၊ ပျောက်နိုင်ခြေပိုများမှာပါ။ ဒါကြောင့် ရှောင်ပြေးခြင်းဟာ ကာယကံရှင်အတွက် အန္တရာယ် များပါတယ်၊ အခြားသူတွေအတွက်လည်း အန္တရာယ် များပါတယ်။” အစိုး ရဌာနတွေ၊ ဝန်ထမ်းတွေ ချည်း လုပ်ရတာ မနိုင်မနင်းဖြစ်နေတဲ့အကြောင်းနဲ့ မေတ္တာ၊ စေတနာ၊ သတ္တိ တို့နဲ့ဝိုင်းဝန်း ကူညီကြတဲ့ လူငယ်တွေရဲ့ လုပ်အားက ကြီးမားတဲ့ အထောက်အပံ့ ဖြစ်ပြီး ဒီလိုနိုင်ငံ့ သားကောင်း သမီးကောင်းတွေကို အများကြီးကျေးဇူးတင်ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဓာတ်ပုံ- STATE COUNSELLOR 
2 years Ago
Up