close

တက္ကသိုလ်ကျောင်းသား

close

November 28, 2022

စစ်တွေတွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် တက္ကသိုလ်ကျောင်းသား ၅ ဦး ပြန်လွတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းကြီးကျောင်းမှာနေတဲ့  တက္ကသိုလ်ကျောင်းသား ၅ ယောက်ကို  စစ်ကောင်စီက ဖမ်းဆီးပြီး ၁၆ ရက်နေ့မြောက် နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့  မိသားစုဝင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေကတော့   မောင်အောင်လင်းစိုး၊ မောင်ဘိုအောင်ခင်၊  မောင်အောင်ငြိမ်း၊ မောင်စိုးမင်း၊ မောင်ဇော်လှိုင်ဦးတို့ ဖြစ်ကြပြီး မနေ့ညက သူတို့နေထိုင်ကြတဲ့ ဓန္ဓာရုံကျောင်းကို လာပို့သွားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ဒီနေ့ ညနေပိုင်းမှာ အကုန်လုံးလွတ်လာကြပြီဗျာ။ အခုတော့ သူတို့ နေထိုင်ကြတဲ့ ကျောင်းကို ရောက်နေကြပြီဗျာ။ ကျန်းမာရေးတွေလည်း ကောင်းကြပါတယ်။ လွတ်မြောက်လာကြလို့လည်း မိသားစုတွေတော်တော်လည်း ပျော်ရွှင်နေကြတယ်။”

အဆိုပါလူငယ် ၅ ဦးဟာ သူတို့နဲ့ အတူနေထိုင်ကြတဲ့ နောက်ထပ်လူငယ် ၄ ဦးနဲ့ အတူ နိုဝင်ဘာ ၁၁ ရက်ညက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှာ ၄ ရက်လောက် ထိန်းသိမ်းထားကာ နိုဝင်ဘာ ၁၆ ရက်မှာ စစ်တပ်လက်သို့ လွှဲပြောင်းခံရပါတယ်။

သူတို့နဲ့အတူဖမ်းဆီးခံလိုက်ရတဲ့ မောင်ကံစိုးအပါဝင် ၄ ယောက်ကို နိုဝင်ဘာ ၂၄ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီး နောက်ထပ် ၅ ယောက်ကိုတော့ နိုဝင်ဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အခုဖမ်းဆီးခဲ့ရတဲ့ လူငယ် ၉ ဦးဟာ ပုဏ္ဏားကျွန်းမြို့နယ် မြက်သောက်၊ ပဲစိနန်းနဲ့ ကျောက်တော်မြို့နယ် ခွဆုံကျေးရွာကလူငယ်တွေဖြစ်ပြီး အဝေးသင်တက်နေရင်း စစ်တွေမြို့မှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ကတည်းက စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူမှုရေးတက်ကြွလှုပ်ရှားသူအပါဝင် အရပ်သား ရာနဲ့ချီ ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုထားပါတယ်။

စစ်ကောင်စီနဲ့ အေအေတို့ ၄ လကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့က နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲလိုက်ကြတယ်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်ပါတယ်။

3 mins Ago

November 19, 2022

ကိုလံဘိုတွင် ကျောင်းသားခေါင်းဆောင် ၂ ဦး လွှတ်ပေးရန် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ကိုလံဘိုမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ၂ ဦးလွှတ်ပေးဖို့ နိုဝင်ဘာ ၁၈ ရက်နေ့က ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေ တောင်းဆိုဆန္ဒပြခဲ့ကြပြီး  ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ 

သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီး ရာနေးလ် ဝစ်ကရာမက်ဆင်းဂေးဟာ တက္ကသိုလ် ကျောင်းသားများ အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးမှူး ဝါဆန်သာ မူဒါလီဂီ နဲ့ သံဃာတက္ကသိုလ် ကျောင်းသားများ အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးမှူး အရှင် ဂါလ်ဝီဝါ ဆီရီဓမ္မ သီရိုတို့ကို အကြမ်းဖက်မှုတားဆီးရေး အက်ဥပဒေနဲ့ ရက်ပေါင်း ၉၀ ဖမ်းဆီးဖို့ အမိန့်ချမှတ်ခဲ့တာပါ။ 

သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာကို နုတ်ထွက်စေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဒီစည်းရုံးရေးမှူး ၂ ယောက်က အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တာပါ။

ကျောင်းသားခေါင်းဆောင်တွေကို တရားရုံးခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ တက်ကြွလှုပ်ရှားသူ ဆမာဓိ မန်ဒိရာက “ဒီနေ့ ကျောင်းသားခေါင်းဆောင် နှစ်ယောက်ကို လွှတ်ပေးမယ်လို့ မျှော်လင့်ထားပေမယ့် မလွတ်လာကြသေးပါဘူး။ ဒါပေမယ့် သူတို့ လွတ်မြောက်လာဖို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။ 

သမ္မတ ရာနေးလ် ဝစ်ကရာမက်ဆင်းဂေးရဲ့ အစိုးရဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၇၄ နှစ်ကြာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ကျွန်းနိုင်ငံရှိ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့တဲ့အပေါ် ပြည်တွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ 

1 week Ago
Up