close

တင်သားရွာသား

close

April 2, 2023

ကလေးမြို့နယ်၊ တင်သားရွာသား ၃ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တင်သားရွာက ဒေသခံလူငယ် ၃ ယောက်ကို PDF  ဟုဆိုကာ  စစ်တပ်က ဧပြီ ၁ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ တင်သား‌ရွာက ဒေသခံတွေက ပြောပါတယ်။

ကိုနိုင်မင်းထက်၊ ကိုနေထက်လင်းနဲ့ ကိုမင်းထက်ပိုင်တို့ကို ကလေးမြို့အထွက် ပဲဝိုင်းစစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးထားလိုက်တာလို့ ဆိုပါတယ်။

တင်သားရွာက ဒေသခံ တဦးက  "ကလေးတွေက ရွာမှာ အလုပ် မရှိလို့ လက်သမား အလုပ်လုပ်ဖို့ တလ ၃ သိန်းရမှာ ဆိုလို့ အလုပ်သွားလုပ်ကြတာ။ သူတို့တွေက တကယ် PDF တွေ မဟုတ်ကြပါဘူး။ မိသားစုကမပြေလည်လို့ အလုပ်လုပ်နေကြရတဲ့ကလေးတွေပါ။"လို့ ဆိုပါတယ်။

အဲဒီ ၃ ယောက်ကို စစ်ကောင်စီကတော့ PDF  အဖွဲ့ဝင်တွေ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရတာကြောင့် ဖမ်းဆီးခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ကို  လက်နက်ကိုင်တော်လှန်ဖို့ ဒေသအသီးသီးမှာ ပေါ်ထွက် လာတဲ့ PDF တပ်ဖွဲ့တွေ မှာတော့ လူငယ်အများဆုံး ပါဝင်နေတာပါ။

15 hours Ago

March 1, 2022

တောင်ယာလုပ်သွားရင်း ဖမ်းဆီးခံရသည့် တင်သားရွာသား ၃၀ ထဲက ၁၈ ဦး ပြန်လွတ်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တင်သားရွာမှာ တောင်ယာလုပ်သွားရင်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရတဲ့ ဒေသခံ အရပ်သားပြည်သူ အယောက် ၃၀ ထဲက  ၁၈ ယောက် ပြန်လွတ်လာပါတယ်။ 

တင်သားကျေးရွာမှာ ဖေဖော်ဝါရီ ၂၆ ရက်မနက်က ကြံသာကျေးရွာအနီး ဝဲတောင်တောသို့ အလုပ်သွားတဲ့ တောင်သူ အယောက် ၃၀ လောက်ကို  ရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဖမ်းဆီးခေါ်ဆောင်တာဖြစ်ပါတယ်။

အဖမ်းခံရတဲ့ ရွာသားတွေအထဲက ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှာ အမျိုးသား ၇ ယောက်၊  ၂၇ ရက်နေ့မှာ  ၆ ယောက်နဲ့ဒီနေ့ ၆ ယောက် ပြန်လွတ်လာပြီး  အမျိုးသား ၁၂ ရောက်ကတော့ ဆက်လက်ဖမ်းဆီး ခံထားရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ အမျိုးသမီးတဦးက “ကျမတို့လည်း ဘာမှမသိဘူး> ကျမတို့ ပဲချိတ်နေတဲ့ ယာခင်းထဲကို သူတို့က ရုတ်တရက်လောက်တာ ပြီးတော့ သေနတ်တွေချိန်ထားတာ ယောကျာ်းမှန်သမျှထွက်ခဲ့လို့ဆိုပြီး အမျိုးသား ၃၀ ဦးကျော် zမ်းဆီးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တင်သားကျေးရွာသားတွေဟာ အများအားဖြင့် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်ကြရတဲ့ တောင်သူတွေပဲဖြစ်ပြီး အခုလို တောင်ယာလုပ်နေတဲ့ ယာခင်းထဲကို လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အခုပြန်လွတ်လာတဲ့  ရွာသားတွေဟာလည်း ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်။

လွတ်မြောက်လာသူတစ်ဦးက “ကျနော်တို့ကို ဖမ်းဖမ်းချင်းမှာပဲ မျက်လုံးကို အဝတ်မဲတွေနဲ့ စည်းပြီးအုပ်ပစ်တယ်။ ပြီရင် လက်ပြန်ကြိုးတုပ်ပြီး ဘယ်ကို ခေါ်ဆောင်သွားမှန်းမသိရဘူး ရောက်တော့လည်း PDF တွေ ထောက်ပံ့သလား။ PDF တွေ ဘယ်လောက်အင်အားရှိလဲ ဆိုပြီးလည်း မေးတယ်။ ဖုန်းပါခဲ့တဲ့သူကို ဖုန်းတွေစစ်ပြီး အာဏာရှင်ဆန့်ကျင်ရေး သီချင်းတစ်ပုဒ်ကို တွေ့သွားပြီး သီချင်းဖွင့်ပြီးကခိုင်းတယ် ပြီးရင်ရိုက်တယ်”လို့ ပြောပါတယ်။

ပြန်လည်လွှတ်ပေးတဲ့အခါမှာလည်း မိမိတို့ဖမ်းဆီးခံရတဲ့ တောထဲရောက်မှ မျက်လုံးဖုံးအုပ်ထားတဲ့ အဝတ်တွေကို ချွတ်ပေးတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူများထဲမှ လွတ်မြောက်လာသူများဟာ ပုံမှန်စိတ်အခြေအနေ မဟုတ်တော့ဘဲ အတော်အတန်ကို ထိတ်လန့်ကြောက်ရွံ့နေတဲ့ ပုံစံမျိုးများ ဖြစ်နေပြီး စစ်သားအသံ ကြားတဲ့အခါ  ထပြေးမတတ် ကြောက်ရွံ့နေတာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ထဲမှ ကျန်ရှိနေသေးတဲ့သူတွေကို မိသားစုဝင်တွေက  စိုးရိမ်ပူပန်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကြံသာကျေးရွာမှာ တပ်စွဲထားတာ ၇ လဝန်းကျင် ကြာမြင့်နေပြီဖြစ်ပြီး  အခုလို တောင်ယာလုပ်ကိုင်သွားတဲ့ အပြစ်မဲ့ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးထားကာ ယနေ့ချိန်ထိ ဘာသတင်းမှမရရှိသေးဘူးလို့လည်း ဆိုပါတယ်။

1 year Ago
Up