close

ကလေးမြို့နယ်၊ တင်သားရွာသား ၃ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တင်သားရွာက ဒေသခံလူငယ် ၃ ယောက်ကို PDF  ဟုဆိုကာ  စစ်တပ်က ဧပြီ ၁ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ တင်သား‌ရွာက ဒေသခံတွေက ပြောပါတယ်။

ကိုနိုင်မင်းထက်၊ ကိုနေထက်လင်းနဲ့ ကိုမင်းထက်ပိုင်တို့ကို ကလေးမြို့အထွက် ပဲဝိုင်းစစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးထားလိုက်တာလို့ ဆိုပါတယ်။

တင်သားရွာက ဒေသခံ တဦးက  "ကလေးတွေက ရွာမှာ အလုပ် မရှိလို့ လက်သမား အလုပ်လုပ်ဖို့ တလ ၃ သိန်းရမှာ ဆိုလို့ အလုပ်သွားလုပ်ကြတာ။ သူတို့တွေက တကယ် PDF တွေ မဟုတ်ကြပါဘူး။ မိသားစုကမပြေလည်လို့ အလုပ်လုပ်နေကြရတဲ့ကလေးတွေပါ။"လို့ ဆိုပါတယ်။

အဲဒီ ၃ ယောက်ကို စစ်ကောင်စီကတော့ PDF  အဖွဲ့ဝင်တွေ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရတာကြောင့် ဖမ်းဆီးခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ကို  လက်နက်ကိုင်တော်လှန်ဖို့ ဒေသအသီးသီးမှာ ပေါ်ထွက် လာတဲ့ PDF တပ်ဖွဲ့တွေ မှာတော့ လူငယ်အများဆုံး ပါဝင်နေတာပါ။

Up