close

တရားစွဲမည်

close

December 21, 2021

ပွဲမကန်ရဘဲ ကွန်းဖရန့်လိဂ်က ထွက်ခဲ့ရသဖြင့် စပါးအသင်း ယူအီးအက်ဖ်အေကို တရားစွဲမည်

စပါးအသင်းဟာ ယူရိုကွန်းဖရန့်လိဂ်နောက်ဆုံးပွဲစဉ်ကို မကစားခဲ့ရဘဲ အရှုံးပေးခဲ့ရတာကြောင့် ယူအီးအက်ဖ်အေကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။ 

စပါးအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ပြင်သစ်ကလပ် ရင်းနက်စ်နဲ့ ပွဲစဉ်ကို ကိုဗစ်ကူးစက်မှုတွေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရပေမယ့် ၃-၀ ဂိုးနဲ့ အရှုံးပေးဖို့ သတ်မှတ်ခံခဲ့ရတာပါ။ အဲဒီပွဲမှာ အရှုံးပေးခဲ့ရတာကြောင့် အုပ်စုအဆင့်ကနေလည်းထွက် ခွာခဲ့ရပါတယ်။ 

စည်းမျဉ်းအရ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ပွဲပြန်ကစားလို့ရပြီး စပါးအသင်းဟာ လီဗာပူးနဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကစားဖို့စီစဉ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ရင်းနက်စ်ဘက်လည်း လက်မခံခဲ့တာကြောင့် တခြားရက်မှာ ကစားမယ့်အစီအစဉ်လည်း ပျက်ပြယ်ခဲ့ပါတယ်။ 

စပါးဘက်ကတော့ ယူရိုပြိုင်ပွဲတစ်ခုကနေ ထွက်ခဲ့ရတဲ့အပေါ် ငွေကြေးအကျိုးအမြတ်တွေကို တွက်ချက်ပြီး တရားစွဲဆိုဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

13 mins Ago

September 13, 2020

သင်္ဃန်းကျွန်းမြို့နယ်က Music Zone ပိုင်ရှင်ကို တရားစွဲမည်

သင်္ဃန်းကျွန်းမြို့နယ်က Music Zone ပိုင်ရှင်ကို မြို့နယ်ကိုဗစ်ကော်မတီ ဆုံးဖြတ်ချက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး တရားစွဲဆိုသွားမယ်လို့ သင်္ဃန်ကျွန်းမြို့နယ် မဲဆန္ဒနယ်မြေရဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။  တရားစွဲဆိုရေးလုပ်ငန်းစဉ်တွေကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆောင်ရွက်နေတာဖြစ်ပြီး တရားစွဲဆိုရေးလုပ်ငန်း စတင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။  လက်ရှိမှာ Music Zone ပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာ မသိသေးပေမယ့် မြေဂရန်ပိုင်ရှင်ကို သိရှိထားတယ်လို့ ပြောပါတယ်။  Music Zone ပိုင်ရှင်ကို တရားစွဲဆိုတာနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရရဲ့ ညွှန်ကြားချက်ကြောင့်မဟုတ်ဘဲ မြို့နယ်ကိုဗစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာဖြစ်ပြီး ဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုမလဲ ဆိုတာကတော့ ဥပဒေအကြံပေးအရာရှိရဲ့ သဘောထားမှတ်ချက်အပေါ်မှာ မူတည်သွားမယ်လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။  Music Zone ထဲမှာရှိတဲ့ လူ ၁၁၉ ဦးထဲကနေ ကိုဗစ်အတည်ပြုလူနာ ၉၂ ဦး တွေ့ရှိခဲ့ပြီး Quarantine စင်တာ ပို့ထားသူ ၂၇ ဦး ရှိပါတယ်။  သင်္ဃန်းကျွန်းမြို့နယ် စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွေအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၀ ကျော်ရှိတဲ့အထဲမှာ Musice Zone ကနေ လူ ၉၀ ကျော် ပါဝင်နေတာပါ။
1 year Ago
Up