ပွဲမကန်ရဘဲ ကွန်းဖရန့်လိဂ်က ထွက်ခဲ့ရသဖြင့် စပါးအသင်း ယူအီးအက်ဖ်အေကို တရားစွဲမည်

စပါးအသင်းဟာ ယူရိုကွန်းဖရန့်လိဂ်နောက်ဆုံးပွဲစဉ်ကို မကစားခဲ့ရဘဲ အရှုံးပေးခဲ့ရတာကြောင့် ယူအီးအက်ဖ်အေကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။
စပါးအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ပြင်သစ်ကလပ် ရင်းနက်စ်နဲ့ ပွဲစဉ်ကို ကိုဗစ်ကူးစက်မှုတွေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရပေမယ့် ၃-၀ ဂိုးနဲ့ အရှုံးပေးဖို့ သတ်မှတ်ခံခဲ့ရတာပါ။ အဲဒီပွဲမှာ အရှုံးပေးခဲ့ရတာကြောင့် အုပ်စုအဆင့်ကနေလည်းထွက် ခွာခဲ့ရပါတယ်။
စည်းမျဉ်းအရ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ပွဲပြန်ကစားလို့ရပြီး စပါးအသင်းဟာ လီဗာပူးနဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကစားဖို့စီစဉ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရင်းနက်စ်ဘက်လည်း လက်မခံခဲ့တာကြောင့် တခြားရက်မှာ ကစားမယ့်အစီအစဉ်လည်း ပျက်ပြယ်ခဲ့ပါတယ်။
စပါးဘက်ကတော့ ယူရိုပြိုင်ပွဲတစ်ခုကနေ ထွက်ခဲ့ရတဲ့အပေါ် ငွေကြေးအကျိုးအမြတ်တွေကို တွက်ချက်ပြီး တရားစွဲဆိုဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။