close

တရားမဝင် နယ်စပ်ဖြတ်ကျော်

close

February 20, 2022

ထိုင်းဘက် တရားမဝင် ဝင်လာသည့် မြန်မာ ၂၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို တောင်ပိုင်း ဟတ်ရိုင်ခရိုင်ထဲမှာ ဖမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

သူတို့ကို ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းက ဖမ်းမိခဲ့တာဖြစ်ပြီး ချုံတွေထဲ ပုန်းအောင်းနေချိန်မှာ ခရိုင်ကင်းလှည့်တပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ရဲတွေက ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖမ်းမိသူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး  စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ ထိုင်းနိုင်ငံထဲကို အရင်တရက်ကတည်းက ရောက်နှင့်နေကာ ပွဲစားခ တယောက်ကို ဘတ် ၅ သောင်းထိ ပေးခဲ့ကြရပြီး ထိုင်းကနေတဆင့် မလေးရှားနိုင်ငံကို ဆက်သွားမှာလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံကို ဆက်သွားဖို့အတွက် သူတို့အား လာခေါ်မယ့် ပွဲစားတွေကို စောင့်နေချိန်မှာပဲ ခုလို ဖမ်းဆီးခံရတာဖြစ်ပြီး ပွဲစားတွေကတော့ ကင်းလှည့်တပ်တွေ ရောက်မလာခင်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ပို့ဆောင်ထားကာ ဥပဒေအရ စစ်ဆေးအရေးယူသွားဖို့ရှိနေပြီး နေရပ်ပြန်လည်ပို့ဆောင်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ရဲက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

11 mins Ago

October 19, 2021

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုမရှိစေရန် ထိုင်းတွင် လုံခြုံရေးတင်းကျပ်

ကရင်ပြည်နယ် မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံအတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမယ့်သူတွေကို ထိုင်းစစ်တပ်က အောက်တိုဘာလ ၁၈ ရက်က စတင်ပြီး လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်တလျှောက် မြန်မာနိုင်ဘက်ကနေ့ ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ကူးဖြတ်နိုင်တဲ့ ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ် ကြောက်ခက်တိုက်နယ်မှာ ၂၄ နာရီ လုံခြုံရေးတင်းကျပ်ထားပါတယ်။

တာခ်ရိုင်မှာ နယ်စပ်နဲ့နီးစပ်တဲ့ မြို့နယ် ၅ ခုရှိပြီး အဲဒီမြို့နယ်တွေက သွားရောက်နိုင်တဲ့ တရားမဝင်မူးယစ်ဆေး လူမှောင်ခိုနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ၊ ကိုဗစ်ကူးစက်မှု အပါအဝင် မည်သည့်အကြောင်းပြချက်မှ ခွင့်ပြုမှာ မဟုတ်ကြောင်း ထိုင်းနိုင်ငံ နယ်စပ်လုံခြုံရေးစစ်တပ်က သိရတယ်။

မြဝတီခရိုင်နဲ့ တာခ်ရိုင် နယ်စပ်မှာ လုံခြုံရေးတွေတင်းကျပ်မှုရှိနေပေမဲ့ လူမှောင်ခိုနဲ့ ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်တဲ့  မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရပါတယ်။

4 months Ago
Up