close

ထိုင်းဘက် တရားမဝင် ဝင်လာသည့် မြန်မာ ၂၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို တောင်ပိုင်း ဟတ်ရိုင်ခရိုင်ထဲမှာ ဖမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

သူတို့ကို ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းက ဖမ်းမိခဲ့တာဖြစ်ပြီး ချုံတွေထဲ ပုန်းအောင်းနေချိန်မှာ ခရိုင်ကင်းလှည့်တပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ရဲတွေက ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖမ်းမိသူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး  စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ ထိုင်းနိုင်ငံထဲကို အရင်တရက်ကတည်းက ရောက်နှင့်နေကာ ပွဲစားခ တယောက်ကို ဘတ် ၅ သောင်းထိ ပေးခဲ့ကြရပြီး ထိုင်းကနေတဆင့် မလေးရှားနိုင်ငံကို ဆက်သွားမှာလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံကို ဆက်သွားဖို့အတွက် သူတို့အား လာခေါ်မယ့် ပွဲစားတွေကို စောင့်နေချိန်မှာပဲ ခုလို ဖမ်းဆီးခံရတာဖြစ်ပြီး ပွဲစားတွေကတော့ ကင်းလှည့်တပ်တွေ ရောက်မလာခင်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ပို့ဆောင်ထားကာ ဥပဒေအရ စစ်ဆေးအရေးယူသွားဖို့ရှိနေပြီး နေရပ်ပြန်လည်ပို့ဆောင်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ရဲက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up