close

တရားမျှတမှု

close

April 2, 2023

မက္ကဆီကိုနယ်စပ်၌ ရွှေ့ပြောင်းနေထိုင်သူ ၄၀ သေဆုံးခဲ့ရမှုအတွက် တရားမျှတမှု တောင်းဆို

မက္ကဆီကိုနယ်စပ်မြို့ ဆီအူဒက်ဟွာရက်ဇ်မြောက်ပိုင်းရှိ ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေးစခန်းမှာ မီးလောင်မှုအတွင်း အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ ၄၀ ထက်မနည်း သေဆုံးခဲ့ရမှုအတွက် တရားမျှတမှုကို မတ်လ ၃၁ ရက်က ရွှေ့ပြောင်းနေထိုင်သူက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဆီအူဒက်ဟွာရက်ဇ်ရဲ့ လမ်းမတွေတလျှောက် ဆိုင်းဘုတ်တွေနဲ့ ချီတက်ခဲ့ကြပြီး လူ့အခွင့်အရေးကို အာမခံတဲ့ ရွှေ့ပြောင်းအခြေချမှုမူဝါဒတွေကို အကောင်အထည်ဖော်ဖို့ မက္ကဆီကိုအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြပွဲအတွင်း သောကြာနေ့မွန်းလွဲပိုင်းက ဆီအူဒက်ဟွာရက်ဇ်မြို့ကို လာရောက်ခဲ့တဲ့ မက္ကဆီကိုသမ္မတ အန်ဒရေးစ်မာနွဲလ်လိုပက်ဇ်အိုဘရာဒေါကို တင်ဆောင်လာတဲ့ မော်တော်ယာဉ်ကို ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဒေါသတကြီး ကြားဖြတ်ဟန့်တားခဲ့ပါတယ်။

သမ္မတ ခရီးထွက်လာတဲ့ အဖြူရောင် ဗင်ကားရှေ့မှာ လူအုပ်စုတစ်စုက ရပ်နေပေမယ့်  လိုပက်ဇ် အိုဘရာဒေါက သူတို့ပြောတာတွေကို နားမထောင်ခဲ့ပါဘူး။

အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတို့ဟာ ၂ နိုင်ငံနယ်စပ်မှာ  စံချိန်တင် နယ်စပ်ဖြတ်ကျော်မှု အဆင့်ကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန်နေရချိန်မှာ ဒီနှစ်တွေအတွင်း ရွှေ့ပြောင်းဒုက္ခသည်တွေ အသေအပျောက် အများဆုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။ 

13 mins Ago

March 3, 2023

တာတိုင်ကျေးရွာသားများကို စစ်ကောင်စီတပ်က ရက်ရက်စက်စက်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ပေးမည်ဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာက အရပ်သားပြည်သူတွေကို အကြမ်းဖက် စစ်တပ်က ရက်စက်စွာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ အဆင့်ဆင့်ကို အပြစ်ပေး အရေးယူပြီးတော့ တရားမျှတမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။

မတ် ၁ ရက် ညပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းဟာ တာတိုင်ကျေးရွာထဲကို ဝင်ရောက်လာခဲ့ပြီး ကျေးရွာသား ၁၅ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် လမ်းမှာ သတ်ဖြတ်ခဲ့ကာ အ လောင်းတွေကို စွန့်ပစ်ထားခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။

ခုလို အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်တာက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ် မှုတွေအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုတွေကို ချိုးဖောက်တာဖြစ်တဲ့အတွက် NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ယန္တရားတွေဆီ လည်း ပေးပို့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည် သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

4 weeks Ago
Up