close

တရားဝင်မိတ်ဆက်

close

January 24, 2023

နောက်ခံလူကီဝီယာကို ခေါ်ယူနိုင်ခဲ့ကြောင်း အာဆင်နယ်အသင်း တရားဝင်မိတ်ဆက်

နောက်တန်းကစားသမား ယာကူ ကီဝီယာကို ခေါ်ယူနိုင်ခဲ့ကြောင်း အာဆင်နယ်အသင်းက တရားဝင်မိတ်ဆက်လိုက်ပါတယ်။

စီးရီးအေကလပ် စပက်ဇီယာအသင်းမှာကစားခဲ့တဲ့ ပိုလန်နောက်ခံလူ ကီဝီယာဟာ အသက်၂၂ နှစ်ပဲရှိသေးပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန်အသင်းရဲ့ ပွဲစဉ် ၄ ပွဲစလုံးပွဲထွက်ခွင့်ရခဲ့သူပါ။

အာဆင်နယ်ဟာ ကီဝီယာကို ၂၀၂၇ ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ကီဝီယာဟာ စပက်ဇီယာအသင်းမှာ ၄၃ ပွဲ ကစားခဲ့ကာ ဘယ်ခြမ်းဗဟိုခံစစ်နဲ့ ကွင်းလယ်နေရာတွေမှာ ကစားနိုင်တယ်လို့ သိရပါတယ်။

ကီဝီယာဟာ အခုနှစ်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ ဒုတိယမြောက်ခေါ်ယူခဲ့သူဖြစ်ပြီး   သူ့အရင်က ဘရိုက်တန်တိုက်စစ်ကစားသမား ထရော့ဆတ်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ 

11 mins Ago

July 28, 2020

ဗီလာရီးရဲလ်အသင်းဟာ နည်းပြသစ် အမ်မရီကို တရားဝင်မိတ်ဆက်

စပိန်မြေကို ပြန်လာပြီး ဗီလာရီးရဲလ်အသင်းကို ကိုင်တွယ်ဖို့က ကိုယ့်အိမ်ကို ပြန်လာရသလို ပျော်ရွှင်မိတယ်လို့ နည်းပြသစ် အူနိုင်းအမ်မရီက ပြောပါတယ်။  ဗီလာရီးရဲလ်အသင်းဟာ အမ်မရီနဲ့ တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာ ၄ နှစ်ကြာ ဘောလုံးအတွေ့အကြုံတွေ ရယူခဲ့ပြီးနောက် ဗီလာရီးရဲလ် အသင်းဆီ ပြန်လာခဲ့တာဟာ  မိမိအိမ်ကို ပြန်လာရသလို ခံစားရပြီး အောင်မြင်မှုတွေရယူဖို့ ကြိုးပမ်းမယ်လို့ အမ်မရီက ပြောပါတယ်။  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အာဆင်နယ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အမ်မရီဟာ စပိန်မြေကို ၄ နှစ်အကြာမှာ နည်းပြတစ်ဦးအနေနဲ့ ပြန်လည်ရောက်ရှိခဲ့တာပါ။ အမ်မရီဟာ အာဆင်နယ် မရောက်ခင် ပီအက်စ်ဂျီအသင်းမှာ ၂ နှစ် ကိုင်တွယ်ခဲ့ပြီး ဗလင်စီယာနဲ့ ဆီဗီလာအသင်းတွေမှာတော့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။
2 years Ago
Up