နောက်ခံလူကီဝီယာကို ခေါ်ယူနိုင်ခဲ့ကြောင်း အာဆင်နယ်အသင်း တရားဝင်မိတ်ဆက်

နောက်တန်းကစားသမား ယာကူ ကီဝီယာကို ခေါ်ယူနိုင်ခဲ့ကြောင်း အာဆင်နယ်အသင်းက တရားဝင်မိတ်ဆက်လိုက်ပါတယ်။
စီးရီးအေကလပ် စပက်ဇီယာအသင်းမှာကစားခဲ့တဲ့ ပိုလန်နောက်ခံလူ ကီဝီယာဟာ အသက်၂၂ နှစ်ပဲရှိသေးပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန်အသင်းရဲ့ ပွဲစဉ် ၄ ပွဲစလုံးပွဲထွက်ခွင့်ရခဲ့သူပါ။
အာဆင်နယ်ဟာ ကီဝီယာကို ၂၀၂၇ ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ကီဝီယာဟာ စပက်ဇီယာအသင်းမှာ ၄၃ ပွဲ ကစားခဲ့ကာ ဘယ်ခြမ်းဗဟိုခံစစ်နဲ့ ကွင်းလယ်နေရာတွေမှာ ကစားနိုင်တယ်လို့ သိရပါတယ်။
ကီဝီယာဟာ အခုနှစ်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ ဒုတိယမြောက်ခေါ်ယူခဲ့သူဖြစ်ပြီး သူ့အရင်က ဘရိုက်တန်တိုက်စစ်ကစားသမား ထရော့ဆတ်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။