close

တရုတ်ငွေဈေး

close

September 15, 2021

တရုတ်ငွေလဲလှယ်နှုန်း ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၃၀,၀၀၀ အထိရောက်ရှိ

တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ စက်တင်ဘာ ၁၄ ရက်နေ့က တရုတ်မြန်မာငွေလဲလှယ်နှုန်း ယွမ် ၁၀၀ ကို မြန်မာငွေကျပ်  ၃၀,၀၀၀ အထိ ရှိနေတယ်လို့ ငွေလဲလှယ်သူတွေဆီက သိရပါတယ်။

“ငွေစျေးနှုန်းက မငြိမ်ဘူး။ တက်လိုက်ကျလိုက်ပဲ။ ခုတော့ သုံးသောင်းထိ စျေးရောက်နေပြီ”လို့ ငွေလဲလှယ်သူတစ်ဦးက ပြောပါတယ်။

ငွေစျေးနှုန်းတွေ တက်နေတာကြောင့် လူသုံးကုန်ပစ္စည်းတွေစျေးနှုန်းကလည်း ငွေစျေးနှုန်းအတိုင်း တက်နေတယ်လို့ သိရပါတယ်။

“တရုတ်စျေးအတိုင်း ရောင်းတဲ့ဆိုင်တွေကျ မြန်မာငွေနဲ့ဝယ်ရင် စျေးပိုပေးနေတယ်။ တရုတ်နယ်စပ်မြို့ဆိုတော့ တရုတ်ငွေအတိုင်း ရောင်းတဲ့ဆိုင်တွေများတယ်။ တရုတ်ပစ္စည်းတွေ စျေးပိုတက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာငွေစျေးက ၂၀၂၁ ခုနှစ် မေ‌ေလောက်ကစ စျေးကျနေပြီး တရုတ်ငွေ ယွမ်  ၁၀၀ ကို မြန်မာငွေစျေး ၂၀,၀၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပေမယ့် စက်တင်ဘာလမှာတော့ ၃၀,၀၀၀ ကျပ်အထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။

14 mins Ago

July 11, 2021

မူဆယ်တွင် တရုတ်ငွေစျေးတက်နေသည့်အပြင် လော့ဒေါင်းချသဖြင့် ကုန်စျေးနှုန်းတက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်ငွေစျေးတက်နေတာနဲ့ လော့ဒေါင်း ချထားတဲ့အတွက် ကုန်စျေးနှုန်းတွေ အရင်ကထက်ပိုမိုမြင့်တက်နေတယ်လို့  မြို့ခံတွေက ပြောပါတယ်။

“တရုတ်ငွေစျေးက အရင်က တရုတ်ငွေ ၁ ယွမ်ကို ကျပ် ၂၀၀ ဝန်းကျင်ပဲရှိတာ။ အာဏာသိမ်းပြီးနောက် တရုတ်ငွေစျေးက ကျပ်  ၂၄၀ ကနေ ၂၅၀ ကြားထိတက်လာတယ်၊ ကုန်စျေးနှုန်းတွေ အရမ်းတက်တယ်၊ စီးပွားရေးကလည်း ကျပ်တည်းလာတယ်”လို့ မြို့ခံ တစ်ယောက်က ပြောပါတယ်။

မူဆယ်မြို့က တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးဇုန်ဖြစ်တဲ့အပြင် စီးပွာရေး အချက်အချာကျတဲ့ မြို့ဖြစ်တာကြောင့် တရုတ်ငွေဈေးတက်တဲ့အခါ ကုန်စည်ဈေးနဲ့ စားသောက်ကုန်ဈေးနှုန်းတွေပါ တက်လာတယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ ဇွန်လအကုန်ပိုင်းကစပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့ခဲ့ရပြီးနောက် ရပ်ကွက်တချို့မှာ လော့ဒေါင်းချပြီး ဈေးဆိုင်တွေပိတ်ထားတဲ့အတွက်လည်း အရင်ထက် ဈေးပိုတက်နေတယ်လို့ ဆိုပါတယ်။ 

မူဆယ်ဒေသခံ တစ်ဦးက “လော့ဒေါင်းနဲ့ဆိုတော့ အလုပ်ကမရဘူး။ တရုတ်ငွေစျေးက တက်တဲ့အပြင် စားသောက်ကုန်စျေးတွေပါ ဈေးထပ်တက်နေတာ။ အရင်က မူဆယ်မှာ လူအစည်ဆုံးပဲ၊ အခုဆိုလမ်းတွေပါ တိတ်ဆိတ်ပြီး ခြောက်ကပ်နေတာ။ လမ်းမကြီးတစ်ခုပဲ သွားလို့ရတယ်။ ရပ်ကွက်လမ်းအကုန်ပိတ်ထားတယ်” လို့ ပြောပါတယ်။

မူဆယ်မြို့မှာ  ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ အယောက် ၃၃၀ ရှိလာပြီး သေဆုံးသူ  ၇ ဦး ရှိပါတယ်။

2 months Ago
Up