close

တရုတ်ငွေလဲလှယ်နှုန်း ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၃၀,၀၀၀ အထိရောက်ရှိ

တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ စက်တင်ဘာ ၁၄ ရက်နေ့က တရုတ်မြန်မာငွေလဲလှယ်နှုန်း ယွမ် ၁၀၀ ကို မြန်မာငွေကျပ်  ၃၀,၀၀၀ အထိ ရှိနေတယ်လို့ ငွေလဲလှယ်သူတွေဆီက သိရပါတယ်။

“ငွေစျေးနှုန်းက မငြိမ်ဘူး။ တက်လိုက်ကျလိုက်ပဲ။ ခုတော့ သုံးသောင်းထိ စျေးရောက်နေပြီ”လို့ ငွေလဲလှယ်သူတစ်ဦးက ပြောပါတယ်။

ငွေစျေးနှုန်းတွေ တက်နေတာကြောင့် လူသုံးကုန်ပစ္စည်းတွေစျေးနှုန်းကလည်း ငွေစျေးနှုန်းအတိုင်း တက်နေတယ်လို့ သိရပါတယ်။

“တရုတ်စျေးအတိုင်း ရောင်းတဲ့ဆိုင်တွေကျ မြန်မာငွေနဲ့ဝယ်ရင် စျေးပိုပေးနေတယ်။ တရုတ်နယ်စပ်မြို့ဆိုတော့ တရုတ်ငွေအတိုင်း ရောင်းတဲ့ဆိုင်တွေများတယ်။ တရုတ်ပစ္စည်းတွေ စျေးပိုတက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာငွေစျေးက ၂၀၂၁ ခုနှစ် မေ‌ေလောက်ကစ စျေးကျနေပြီး တရုတ်ငွေ ယွမ်  ၁၀၀ ကို မြန်မာငွေစျေး ၂၀,၀၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပေမယ့် စက်တင်ဘာလမှာတော့ ၃၀,၀၀၀ ကျပ်အထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up