close

တရုတ်တပ်မတော်

close

August 3, 2022

တရုတ်တပ်မတော်က ထိုင်ဝမ်ကျွန်းအနီး ပူးတွဲစစ်ဆင်ရေး ဆက်တိုက်ပြုလုပ်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အရှေ့ပိုင်းတိုင်း ကွပ်ကဲမှုဌာနချုပ်ဟာ ထိုင်ဝမ်ကျွန်းအနီးတဝိုက်မှာ သြဂုတ် ၂ ရက် ညကစပြီး ပူးတွဲစစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

တရုတ်က ကန့်ကွက်ထားတဲ့ကြားက သူပိုင်တဲ့ပြည်နယ်လို့ ကြေညာထားတဲ့ ထိုင်ဝမ်ကျွန်းဆီကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီ လာရောက် လည်ပတ်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့ မြောက်ပိုင်း၊ အနောက်တောင်နဲ့ အရှေ့တောင်ဘက် ကမ်းရိုးတန်းတွေအပြင် ပင်လယ်ပြင်မှာ ပူးတွဲလေ့ကျင့်သွားမယ်လို့လည်း ကြေညာပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ တာဝေးပစ် လေ့ကျင့်မှာဖြစ်ပြီး ကျွန်းရဲ့အရှေ့ဘက် ကမ်းရိုးတန်းရေပြင်မှာ သမားရိုးကျ ဒုံးကျည်တွေ စမ်းသပ်မယ်လို့လည်း ကြေညာပါတယ်။

“ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ထိုင်ဝမ်အာဏာပိုင်တွေရဲ့ အန္တရာယ်ရှိတဲ့ လှုပ်ရှားမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လိုအပ်တဲ့ ခြေလှမ်းတခုပါ။ ပူးတွဲထိန်းချုပ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ လေ့ကျင့်မှုတွေ စနစ်တကျလုပ်ဖို့ စစ်တိုင်းကွပ်ကဲမှုဌာနချုပ်က ဝန်ဆောင်မှုပေါင်းစုံနဲ့ လက်နက်ယူနစ်တွေကို ဖွဲ့စည်းထားပါတယ်။ ရေကြောင်းထိုးစစ်၊ မြေပြင်တိုက်ခိုက်မှု၊ လေကြောင်းထိန်းချုပ်ရေးနဲ့ တခြားပစ်မှတ်ထား လေ့ကျင့်မှုတွေ၊ တိကျတဲ့ ပဲ့ထိန်းလက်နက်တွေ တိုက်ရိုက်ပစ်ခတ်တာ၊ စစ်သည်တွေရဲ့ လက်နက်နဲ့ ပစ္စည်းကိရိယာတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပူးတွဲတိုက်ခိုက်ရေး စွမ်းရည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မယ်။ ဘယ်လိုအကျပ်အတည်းကိုမဆို တုံ့ပြန်ဖို့ အသင့်ရှိနေတယ်” လို့ အရှေ့ပိုင်းတိုင်းစစ်ဦးစီးချုပ် ဂူကျုံးက ပြောခဲ့ပါတယ်။

4 mins Ago

တရုတ်ရေတပ် သင်္ဘောအများအပြားဖြင့် စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေး ရေတပ်ဟာ ကျူးကျော်သူတွေကို ချေမှုန်းဖို့နဲ့ စစ်ပွဲအခြေအနေ အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ ရေတပ်သင်္ဘော အများအပြားနဲ့ အရှိန်မြှင့် လေ့ကျင့်နေပါတယ်။

သြဂုတ် ၁ ရက်မှာ ကျရောက်တဲ့ ၉၅ နှစ်မြောက် တရုတ်တပ်မတော်ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို အလေးပြုဖို့ ရည်ရွယ်လေ့ကျင့်နေတာပါ။

တရုတ်ပြည်သူ့လွတ်‌မြောက်ရေးတပ်မတော် (PLA) ရဲ့ မြောက်ပိုင်းကွပ်ကဲမှုဌာနချုပ်မှာရှိတဲ့ ရေတပ်လေ့ကျင့်ရေးစင်တာက စီစဉ်ကျင်းပတဲ့ လေ့ကျင့်မှုမှာ Type 055 ဖျက်သင်္ဘော အန်းရှန်၊ ဝူရှီးနဲ့ Type 052D ဖျက်သင်္ဘော ဘောင်ထုံတို့ ပါဝင်ခဲ့ပါတယ်။

ရှုပ်ထွေးတဲ့ ရာသီဥတုအခြေအနေတွေအောက်မှာ တကယ့်တိုက်ပွဲတွေထဲ သင်္ဘောတစီးချင်းနဲ့ သင်္ဘောအုပ်စုလိုက်ရဲ့ စွမ်းရည်တွေကို ထိထိရောက်ရောက် အားဖြည့်ဖို့ တိုက်ခိုက်ရေး လေ့ကျင့်မှုစွမ်းရည်တွေကို အားကောင်းစေဖို့ ၁၀ ရက်ကြာ သင်တန်းအတွင်း လေ့ကျင့်ခဲ့တာပါ။

လေ့ကျင့်ရေးဇုန်ထဲ ဝင်လာချိန်မှာ စစ်သင်္ဘောတစီးစီရဲ့ ရေဒါတွေဟာ ပစ်မှတ်တွေ တခုပြီးတခု ချဉ်းကပ်လာတာကို ထောက်လှမ်းနိုင်ခဲ့ပြီး အရာရှိတွေက တိုက်ပွဲအတွက် ချက်ချင်းပြင်ဆင်ရင်း သင်္ဘောကို အုပ်ဖွဲ့တိုက်ခိုက်တဲ့ ပုံစံနဲ့ ခုတ်မောင်းကာ ပင်မသေနတ်တွေနဲ့  ပစ်ခတ်လေ့ကျင့်ခဲ့ပါတယ်။

5 hours Ago
Up