close

တရုတ်ရေတပ် သင်္ဘောအများအပြားဖြင့် စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေး ရေတပ်ဟာ ကျူးကျော်သူတွေကို ချေမှုန်းဖို့နဲ့ စစ်ပွဲအခြေအနေ အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ ရေတပ်သင်္ဘော အများအပြားနဲ့ အရှိန်မြှင့် လေ့ကျင့်နေပါတယ်။

သြဂုတ် ၁ ရက်မှာ ကျရောက်တဲ့ ၉၅ နှစ်မြောက် တရုတ်တပ်မတော်ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို အလေးပြုဖို့ ရည်ရွယ်လေ့ကျင့်နေတာပါ။

တရုတ်ပြည်သူ့လွတ်‌မြောက်ရေးတပ်မတော် (PLA) ရဲ့ မြောက်ပိုင်းကွပ်ကဲမှုဌာနချုပ်မှာရှိတဲ့ ရေတပ်လေ့ကျင့်ရေးစင်တာက စီစဉ်ကျင်းပတဲ့ လေ့ကျင့်မှုမှာ Type 055 ဖျက်သင်္ဘော အန်းရှန်၊ ဝူရှီးနဲ့ Type 052D ဖျက်သင်္ဘော ဘောင်ထုံတို့ ပါဝင်ခဲ့ပါတယ်။

ရှုပ်ထွေးတဲ့ ရာသီဥတုအခြေအနေတွေအောက်မှာ တကယ့်တိုက်ပွဲတွေထဲ သင်္ဘောတစီးချင်းနဲ့ သင်္ဘောအုပ်စုလိုက်ရဲ့ စွမ်းရည်တွေကို ထိထိရောက်ရောက် အားဖြည့်ဖို့ တိုက်ခိုက်ရေး လေ့ကျင့်မှုစွမ်းရည်တွေကို အားကောင်းစေဖို့ ၁၀ ရက်ကြာ သင်တန်းအတွင်း လေ့ကျင့်ခဲ့တာပါ။

လေ့ကျင့်ရေးဇုန်ထဲ ဝင်လာချိန်မှာ စစ်သင်္ဘောတစီးစီရဲ့ ရေဒါတွေဟာ ပစ်မှတ်တွေ တခုပြီးတခု ချဉ်းကပ်လာတာကို ထောက်လှမ်းနိုင်ခဲ့ပြီး အရာရှိတွေက တိုက်ပွဲအတွက် ချက်ချင်းပြင်ဆင်ရင်း သင်္ဘောကို အုပ်ဖွဲ့တိုက်ခိုက်တဲ့ ပုံစံနဲ့ ခုတ်မောင်းကာ ပင်မသေနတ်တွေနဲ့  ပစ်ခတ်လေ့ကျင့်ခဲ့ပါတယ်။

//
Up