close

တရုတ်ရေတပ်

close

April 24, 2023

တရုတ်ရေတပ်က တိုက်ခိုက်ရေးလေ့ကျင့်ရေးသင်တန်းများ တိုးမြှင့်လုပ်ဆောင်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရဲ့ ရေတပ်ဟာ ပိုမိုခေတ်မီဆန်းသစ်တဲ့ စစ်သင်္ဘောတွေကို တာဝန်ပေးအပ်ပြီး စစ်မှန်တဲ့ တိုက်ခိုက်ရေးလေ့ကျင့်ရေးသင်တန်းတွေကို တိုးမြှင့်ခြင်းဖြင့် စနစ်ကျတဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို အဆက်မပြတ် ထက်မြက်အောင် ကြိုးစားနေတယ်လို့ စီစီတီဗီ သတင်းဌာနကထုတ်ပြန်ပါတယ်။

ဧပြီလ ၂၃ ရက်ဟာ PLA ရေတပ်တည်ထောင်ခြင်း ၇၄ နှစ်မြောက် နှစ်ပတ်လည်နေ့ပါ။ ဒီနေ့မတိုင်မီက သတ္တမမြောက် Type 055 တန်ချိန် ၁၀,၀၀၀ ရှိတဲ့ ဖျက်သင်္ဘော စွမ်းယိဟာ တောင်တရုတ်ပင်လယ်မှာရှိတဲ့ တခြား စစ်သင်္ဘောလေးစင်းနဲ့အတူ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တိုက်ရိုက်ပစ်ခတ်မှု၊ လေကြောင်းပစ်မှတ်တွေနဲ့ ရှာဖွေ ကယ်ဆယ်ရေး အတွက် သင်္ဘောတွေ လေယာဉ်တွေ ညှိနှိုင်းဆောင်ရွက်တဲ့ ဘာသာရပ်တွေ ပါဝင်ခဲ့ပါတယ်။

Type 055 စီးရီးဟာ တာဝေးပစ်လေကြောင်းရန် ကာကွယ်ရေး၊ တာတိုပစ် ဒုံးကျည်နဲ့ ဒေသတွင်း ရေငုပ်သင်္ဘော ဆန့်ကျင်ရေး လေယာဉ်တင် သင်္ဘောတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

"လေယာဉ်တင်သင်္ဘောကို ထောက်ပံ့ဖို့ အထူးဒီဇိုင်းထုတ်ထားတယ်။ Type 055 စစ်သင်္ဘောဟာ အလွန်ရှည်ရှည်ဝေးဝေးအထိ ထောက်လှမ်းနိုင်တဲ့ အကွာအဝေးနဲ့ တိုက်ခိုက်ရေးအကွာအဝေးရှိပြီး ဒုံးကျည်အမြောက်အမြား တပ်ဆင်ထားလို့ လေယာဉ်တင်သင်္ဘောကို ထိရောက်တဲ့ တာဝေးပစ်ကာကွယ်ရေးကို ပေးစွမ်းနိုင်တယ်လို့  ဖျက်သင်္ဘော စွမ်းယိရဲ့ နိုင်ငံရေး အရာရှိ ယဲ့ ဟိုင်ဘိုက ပြောခဲ့ပါတယ်။

1 hour Ago

February 19, 2023

ရေတပ်ကာကွယ်ရေးနှင့် ရေကြောင်းလုံခြုံရေးပြပွဲတက်ရန် တရုတ်ရေတပ် ယူအေအီးကို ရောက်ရှိ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်က ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ ဖျက်သင်္ဘော နန်နင်းဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမယ့် ရေတပ် ကာကွယ်ရေးနဲ့ ရေကြောင်းလုံခြုံရေးပြပွဲ NAVDEX ကို တက်ရောက်ဖို့ အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ အဘူဒါဘီမြို့ကို ဖေဖော်ဝါရီ ၁၇ ရက်က ရောက်လာပါတယ်။ 

အဲဒီမနက်ပိုင်းက ယူအေအီးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းယိမင်၊ UAE စစ်ဘက်အရာရှိတွေ၊ ယူအေအီးမှာရှိတဲ့ တရုတ်အသိုက်အဝန်းက ကိုယ်စားလှယ်တွေ အပါအဝင် လူ ၅၀၀ လောက်ဟာ တရုတ်ရေတပ်သင်္ဘော နန်နင်း ဆိုက်ရောက်လာတာကို ကြိုဆိုဖို့ Abu Dhabi မြို့တော်က ဇာယဒ် ဆိပ်ကမ်းမှာ စုဝေးခဲ့ကြပါတယ်။ 

ရေတပ်သင်္ဘော နန်နင်း ဆိပ်ကမ်းကို ချဉ်းကပ်လာချိန်မှာ ယူအေအီး ရေတပ် တီးဝိုင်းက ရိုးရာတေးဂီတနဲ့ ကျော်ကြားတဲ့ တရုတ်ရိုးရာသီချင်း “စံပယ်ပန်း” ကို တီးခတ်ခဲ့ကြပါတယ်။

နန်နင်းဟာ ယူအေအီးစစ်တပ်ရဲ့ ဖိတ်ကြားချက်အရ လာခဲ့တာပါ။ ပြပွဲအတွင်း တရုတ်ရေတပ် သင်္ဘောက အရာရှိတွေနဲ့ အမျိုးသားတွေဟာ နှီးနှောဖလှယ်ပွဲတွေ၊ အပြန်အလှန်လည်ပတ်မှုတွေ၊ အားကစား ပြိုင်ပွဲတွေ၊ UAE ရေတပ်နဲ့ တခြား ချစ်ကြည်ရင်းနှီးဖလှယ်ရေး လှုပ်ရှားမှုတွေကို တခြားနိုင်ငံက သင်္ဘောတွေ နဲ့အတူ ပါဝင်ဆင်နွှဲကြမှာပါ။ 

ပွဲလမ်းသဘင်တွေကို အများပြည်သူအတွက် ဖွင့်လှစ်ထားပါတယ်။ အဘူဒါဘီ ခရီးစဉ်မတိုင်မီ နန်နင်းဟာ ပါကစ္စတန်ရေတပ်က စီစဉ်ကျင်းပတဲ့ အာမန် (Peace)-23 နိုင်ငံစုံရေတပ် လေ့ကျင့်ရေးမှာ  ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၄ ရက်အထိ ပါဝင်ခဲ့ပါတယ်။ 

2 months Ago
Up