close

တိုက်စစ်မှူးရက်ရှ်ဖို့ဒ်

close

February 20, 2023

ချန်ပီယံဆုဖလားရယူနိုင်ရန် မျှော်လင့်နိုင်ဟု တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူဖို့ မျှော်လင့်နိုင်ကြောင်း မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းဟာ မနေ့ညက ပွဲစဉ်မှာ လက်စတာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ် ပေးဇယားပထမနေရာက အာဆင်နယ်ထက် တစ်ပွဲပိုကစားပြီး ၅ မှတ်အကွာ၊ ဒုတိယနေရာက မန်စီးတီးနဲ့ ၃ မှတ်ကွာအနေအထားကိုရောက်ရှိလာခဲ့တာပါ။

ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံ မျှော်လင့်ချက်ရှိနေပြီလားဆိုတဲ့ စကိုင်းစပေါ့ရုပ်သံရဲ့ မေးမြန်းမှုအပေါ် ရက်ရှ်ဖို့ဒ်က မျှော်လင့်ချက်ရှိ နေပြီဖြစ်ပြီး အရင်ကထက်ပိုမိုနီးစပ်လာတယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

“ချန်ပီယံဆုအတွက် မျှော်လင့်နိုင်တာသေချာတာပေါ့။ ကျနော်တို့ ထိပ်ဆုံးက နှစ်သင်းနဲ့ နီးကပ်လာပါပြီ။ တချိန်တည်းမှာပဲ ပြိုင်ဘက်နှစ်သင်းစလုံးကလည်း အမှန်တကယ်ခြေစွမ်းပြနေလို့ ကျနော်တို့ဘက်က ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်လုပ်ဆောင်သွားဖို့လိုတယ်။ အမှတ်တွေ စုဆောင်းနိုင်လာတာနဲ့အမျှ ချန်ပီယံမျှော်လင့်ချက်ကလည်းဖြစ်လာနိုင်တယ်”လို့ ရက်ရှ်ဖို့ဒ်ကပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လက်စတာနဲ့ ပွဲမှာ ၂ ဂိုးသွင်းခဲ့လို့ ပရီးမီးယားလိဂ် ၁၄ ဂိုးအထိရှိလာခဲ့ပြီး ပြိုင်ပွဲစုံမှာတော့  ၂၄ ဂိုး အထိသွင်းယူ ထားပြီးဖြစ်ပါတယ်။

6 mins Ago

September 12, 2022

တိုက်စစ်မှူးရက်ရှ်ဖို့ဒ် သွင်းဂိုး ၂၀ အနည်းဆုံးသွင်းယူနိုင်မည်ဟု မန်ယူနည်းပြ မျှော်လင့်

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ တရာသီအတွင်းမှာ သွင်းဂိုး ၂၀ အနည်းဆုံးသွင်းယူနိုင်လိမ့် မယ်လို့ နည်းပြတန်ဟတ်ဂ်က မျှော်မှန်းထားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ရာသီအစပိုင်းက အသင်းပြောင်းရွှေ့ဖို့ အထိသတင်းထွက်ခဲ့ပေမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။

သူဟာ လီဗာပူးနဲ့ပွဲမှာတစ်ဂိုး၊ အာဆင်နယ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းခဲ့ပြီး ပွဲစဉ် ၆ ပွဲကစားအပြီးမှာ သွင်းဂိုး ၃ ဂိုး၊ ဂိုဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်ကတော့ ရက်ဖို့ဒ်အနေနဲ့ တစ်ရာသီအတွင်းမှာ ဂိုး ၂၀ အနည်းဆုံး သွင်းယူနိုင်မယ့်သူဖြစ်ပြီး ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်နိုင်မယ့်သူလို့ ချီးကျူးခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်ဟာ ရော်နယ်ဒိုကိုအရန်ခုံမှာ ထားရှိပြီး အင်္ဂလန်တိုက်စစ်မှူးရှက်ရှ်ဖို့ဒ်ကိုပဲ ဦးစားပေး တိုက်စစ်မှူးအဖြစ်သတ်မှတ်ထားကြောင်း The Sun သတင်းဌာနကို နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

ရက်ဖို့ဒ်ဟာ မန်ယူအသင်းနဲ့အတူ ခြေစွမ်းကောင်းပြသနေတာ ကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပြန်လည်ရွေးချယ်ခံရဖို့ရှိနေပါတယ်။ 

5 months Ago
Up