close

တိုက်စစ်မှူး ဆွာရက်ဇ်

close

July 21, 2022

အသင်းလက်မဲ့ဖြစ်နေသည့် တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူရန် ဒေါ့မွန်အသင်း ကမ်းလှမ်း

ဒေါ့မွန်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူးဆွာရက်ဇ်ကိုခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။

တိုက်စစ်မှူးဟာလန်းနေရာအတွက် အိုင်းယက်ကနေ အားကိုးတကြီးခေါ်ယူခဲ့တဲ့ ဟော်လာက အကျိတ်ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာအနားယူရဖို့ရှိနေတာပါ။

ဒီအခြေအနေမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူးဆွာရက်ဇ်ကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းက ကြိုးပမ်းလာခဲ့တာပါ။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ အက်သလက်တီကိုမှာ ၂ နှစ်ကြာကစားခဲ့ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာပါ။

အိုင်းယက်၊ လီဗာပူးနဲ့ ဘာစီလိုနာအသင်းတွေမှာလည်း ခြေစွမ်းပြခဲ့တဲ့ ဆွာရက်ဇ်ဟာ မနှစ်က မက်ဒရစ်ကလပ်အတွက် ၁၁ ဂိုးသွင်းယူ ပေးခဲ့ပါတယ်။

10 mins Ago

August 26, 2020

တိုက်စစ်မှူးဆွာရက်ဇ်ကို ရောင်းချရန် ဘာစီလိုနာနည်းပြသစ် ပြင်ဆင်

ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ အသင်းကနေ ရောင်းထုတ်ခံရဖို့ နီးစပ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အသင်းဥက္ကဋ္ဌ ဘာတိုမြူ ပြောဆိုထားတဲ့ ရောင်းချဖို့မရှိတဲ့ ကစားသမားစာရင်းမှာလည်း ဆွာရက်ဇ် ပါဝင်ခြင်းမရှိပါဘူး။ အသက် ၃၃ နှစ်ရှိလာတဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘာစီလိုနာမှာ ၆ နှစ်ကြာ ကာလတာအတွင်း ဆုဖလား ၁၃ လုံး ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း အသင်းခေါင်းဆောင် မက်ဆီရဲ့နောက်မှာ ဒုတိယဂိုးသွင်း အများဆုံး ဖြစ်ခဲ့ပေမယ့် လာမယ့်ရာသီအတွက်တော့ အသင်းမှာဆက်ရှိဖို့ မသေချာဘဲ ဖြစ်နေရတာပါ။  စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုကလည်း ဆွာရက်ဇ်အပြင်၊ ရာကီတစ်၊ဗီဒယ်နဲ့ အမ်တီတီတို့ကို နည်းပြသစ် ရော်နယ်ကိုးလ်မန်းက ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။
2 years Ago
Up