အသင်းလက်မဲ့ဖြစ်နေသည့် တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူရန် ဒေါ့မွန်အသင်း ကမ်းလှမ်း

6
ဒေါ့မွန်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူးဆွာရက်ဇ်ကိုခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။
တိုက်စစ်မှူးဟာလန်းနေရာအတွက် အိုင်းယက်ကနေ အားကိုးတကြီးခေါ်ယူခဲ့တဲ့ ဟော်လာက အကျိတ်ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာအနားယူရဖို့ရှိနေတာပါ။
ဒီအခြေအနေမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူးဆွာရက်ဇ်ကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းက ကြိုးပမ်းလာခဲ့တာပါ။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ အက်သလက်တီကိုမှာ ၂ နှစ်ကြာကစားခဲ့ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာပါ။
အိုင်းယက်၊ လီဗာပူးနဲ့ ဘာစီလိုနာအသင်းတွေမှာလည်း ခြေစွမ်းပြခဲ့တဲ့ ဆွာရက်ဇ်ဟာ မနှစ်က မက်ဒရစ်ကလပ်အတွက် ၁၁ ဂိုးသွင်းယူ ပေးခဲ့ပါတယ်။